Trending Now

မြစ်ကြီးနားမြို့နယ် (၂၁) မိုင်စစ်ဆေးရေးဂိတ်တွင် သိန်း ၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့နယ် (၂၁) မိုင်စစ်ဆေးရေးဂိတ်တွင် သိန်း ၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် သိန်း ၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ရဲတပ်ဖွဲ့မှ ယနေ့ ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၃ အချိန်နာရီ အချိန်ခန့်တွင် မြစ်ကြီးနားမြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့ ထွယ်နော် မောင်းနှင်ပြီး ဘရန်တောင်၊ စင်းယူတူးရိန် နှင့် လဖိုင်ဂမ်အောင် တို့လိုက်ပါလာသည့် LAND CRUISER အမျိုးအစား မော်တော်ယာဉ်အား ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၂.၃၂ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၅၈၀) ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၄ နာရီခွဲအချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း ရပ်ကွက်ရှိ ဘရန်တောင် ငှားရမ်းနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန် ဝ.၉၃ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၃၂.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၈ သိန်း)နှင့် မြန်မာငွေကျပ် သိန်း ၃၀ တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ထွယ်နော်(၂၂)နှစ်၊ ဘရန်တောင်(၃၄)နှစ်၊ စင်းယူတူးရိန်(၂၉)နှစ် နှင့် လဖိုင်ဂမ်အောင်(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

နန့်ခူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။