Trending Now

ဖားကန္႔ရွိ ျမစ္ဆံုဧရာေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီတြင္ ႏြံကန္ေပါက္က်မႈျဖစ္ေပၚ

Spread the love

ဖားကန္႔ရွိ ျမစ္ဆံုဧရာေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီတြင္ ႏြံကန္ေပါက္က်မႈျဖစ္ေပၚ

EPN
ဖားကန္႔၊ မတ္ ၂၃

ဖားကန္႔ၿမိဳ႕နယ္၊ လံုးခင္းအုပ္စုအတြင္းရွိ ငိုးပင္းအက်ိဳးတူလုပ္ကြက္(၁၁) ျမစ္ဆံုဧရာေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီ(အက်ိဳ းတူ)တြင္ မတ္လ(၂၃)ရက္ ေန႔လည္(၁၂:၄၅)မိနစ္အခ်ိန္က ႏြံကန္ေပါက္က်မႈ ျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။

ယင္းႏြံကန္ေပါက္က်ရာတြင္ ဘက္ဟိုးယဥ္(၅)စီး၊ ေဖါက္စက္ယဥ္(၄)စီးတို႔မွာ နစ္ျမဳပ္ေနသျဖင့္ ျပန္လည္ဆယ္ယူေနၿပီး ၊လူအေသ/အေပ်ာက္မရွိေၾကာင္း အဆိုပါ ႏြံ၊ အနယ္မ်ားကိုလည္း စတင္၍ဖယ္ရွားရွင္းလင္းေနေၾကာင္း ျမစ္ဆံုဧရာကုမၸဏီမွ တာဝန္ခံ ဦးေအာင္နိုင္မွေျဖၾကားသည္။

ေနာင္ရိုး
—————————————
ဖားကန့်ရှိ မြစ်ဆုံဧရာကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွင် နွံကန်ပေါက်ကျမှုဖြစ်ပေါ်

EPN
ဖားကန့်၊ မတ် ၂၃

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုအတွင်းရှိ ငိုးပင်းအကျိုးတူလုပ်ကွက်(၁၁) မြစ်ဆုံဧရာကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ(အကျို းတူ)တွင် မတ်လ(၂၃)ရက် နေ့လည်(၁၂:၄၅)မိနစ်အချိန်က နွံကန်ပေါက်ကျမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ယင်းနွံကန်ပေါက်ကျရာတွင် ဘက်ဟိုးယဉ်(၅)စီး၊ ဖေါက်စက်ယဉ်(၄)စီးတို့မှာ နစ်မြုပ်နေသဖြင့် ပြန်လည်ဆယ်ယူနေပြီး ၊လူအသေ/အပျောက်မရှိကြောင်း အဆိုပါ နွံ၊ အနယ်များကိုလည်း စတင်၍ဖယ်ရှားရှင်းလင်းနေကြောင်း မြစ်ဆုံဧရာကုမ္ပဏီမှ တာဝန်ခံ ဦးအောင်နိုင်မှဖြေကြားသည်။
နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။