Trending Now

ခင်ဦးမြို့နယ်မှာ နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ အကြမ်းဖက် အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

Spread the love

ခင်ဦးမြို့နယ်မှာ နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ အကြမ်းဖက် အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
EPN
ခင်ဦး၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာနဲ့ ပေကုန်းကျေးရွာအကြားမှာ ဖေဖော်ဝါရီ ၂၀ ရက်၊ မနေ့ မနက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေကို စစ်ကြောင်းအဖွဲ့က သိမ်းဆီးရမိတယ်လို့ ခင်ဦးမြို့ခံတွေထံက သိရပါတယ်။
“အကြမ်းဖက်အဖွဲ့က ထိခိုက်သေဆုံးသူ၊ ခေါင်းဆောင်အပါအဝင် လူ ၅ ဦးထက်မနည်း ရှိတယ်လို့ ကြားရတယ်၊ စစ်ကြောင်းဘက်ကတော့ ဘာသံမှ မကြားရဘူး ” လို့ ပေကုန်းရွာခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ရွှေဘိုခရိုင် လုံခြုံရေးကောင်စီရုံးနဲ့ နီးစပ်သူတစ်ဦးက ” အကြမ်းဖက်ခေါင်းဆောင် မိုးဝင်း အပါအဝင် ကျား ၅ လောင်း၊ အမ်-၁၆ ၁ လက်(ကျည်အိမ် ၁ ခု/ကျည် ၈ တောင့်)၊ လက်လုပ်သေနတ် ၅ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်စိန်ပြောင်းပြုလုပ်ဆဲ ၇ လက်၊ လက်လုပ် ကျည်ဆံ ၆ လုံး၊ လက်လုပ်စိန်ပြောင်းကျည် ၆၈ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းမျိုးစုံ ၁၉ မျိုးတို့ သိမ်းဆီးရမိတာ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခင်ဦးမြို့နယ် ခင်ဦး – ရေဦးကားလမ်းဘေး လယ်ပြင်မှာ အကြမ်းဖက်အဖွဲ့တွေနဲ့ စစ်ကြောင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့ဘက်က လူ ၁၆ ယောက်ထက္မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆီးခံရတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါသေးတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။