Trending Now

မိုးညှင်းမြို့တွင် နန့်ရင်းချောင်းရေ မြင့်တက်ကာ ရပ်ကွက် ၄ ရပ်ကွက်ခန့် ရေများဝင်ရောက်နေ

Spread the love

မိုးညှင်းမြို့တွင် နန့်ရင်းချောင်းရေ မြင့်တက်ကာ ရပ်ကွက် ၄ ရပ်ကွက်ခန့် ရေများဝင်ရောက်နေ

EPN
မြစ်ကြီးနား၊ ဇွန် ၁၆

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့က နန့်ရင်းချောင်းရေ စိုးရိမ်ရေအမှတ် အထက် ၁၃ စင်တီမီတာ မြင့်တက်ခဲ့သောကြောင့် မြို့တွင်း ရပ်ကွက် ၄ ရပ်ကွက် ခန့်တွင် ရေများ ဝင်ရောက်နေကြောင်းသိရသည်။

ယခုနှစ်တွင် မိုးသဲထန်စွာရွာသွန်းမူကြောင့်နန်ရင်းချောင်းရေ မြင့်တက်မှုမှာ ယခင်နှစ်ထက် ပိုမို့မြင့်တက်ခဲ့ကြောင်း မိုးညှင်းမြို့နယ် ၊ အရှေ့စု ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။

” မနှစ်က အမတို့ အိမ်ထဲ ထိ မဝင်ခဲ့ဘူး၊ ဒီနှစ်က အစပဲရှိသေးတယ် အိမ်ထဲထိဝင်လာတယ်၊ ထင်တာက ရေစီးရေလာမကြောင်းလို့ပဲလား၊ မြစ်ရေပဲ အရမ်းတက်လို့လား မသိတော့ဘူး၊ မြစ်နေရ ၅၀၀ စင်တီမီတာတော့ ကျော်နေပြီဟုတ်တယ်၊ ရပ်ကွပ်တွေမှာလဲဘတော်တော်များများ ဝင်နေပြီ ၊ ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရေဝင်ရောက်နေသည့် ရပ်ကွက် ၄ ရပ်ကွက်မှ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများကို ရေလွတ်ရာသို့ ပြောင်းရွှေထားပြီဖြစ်ကြောင်း မိုးညှင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကျနော်တို့ မီးသတ်အနေနဲ့ သဘာဝဘေး ကြုံလာပါက အရေးပေါ်ဆောင်ရွက်နိုင်ဖို့အတွက် ၊ ကယ်ဆယ်ရေး အဖွဲ့ တွေဖွဲ့စည်းထားပြီးဖြစ်တယ်၊ ဒီနေ့မှဆိုလဲ ရေဝင်နေတဲ့ ရပ်ကွက် အချို့က ကလေးငယ်တွေ ၊ သက်ကြီးရွယ်အိုတွေကိုလဲ ၊ ဘေးလွတ်ရရွှေပြောင်းပေးခြင်း ပစ္စည်းတွေ ရွှေပြောင်းမယ်ဆိုရင်လဲ ဝိုင်းဝန်းကူညီတာတွေ လုပ်ခဲ့ပါတယ်၊ ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မိုးညှင့်မြို့နယ်အတွင်းမှ အောက်ချို့စျေး၊ရေလယ်ကျွန်း၊ စိမ်တောင် ၊အရှေစု ၊ စသည့်ရပ်ကွက်အချို့တွင်ရေဝင်ရောက်နေပြီး အိမ်ထောင်စု (၃၀၀)ခန့်တွင် ရေဝင်ရောက်နေကြောင်း သိရသည်။

မိုးညှင့်မြို့နယ်ရှိ နန့်ရင်းချောင်၏ စိုးရိမ်ရေအမှတ်မှာ ၅၀၀ စင်တီမီတာ ဖြစ်ပြီးလက်ရှိတွင်၅၁၃ စင်တီမီတာအထိ မြင့်တက်နေကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။