Trending Now

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျလို့ လူ ၂ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

Spread the love

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျလို့ လူ ၂ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၁

ထိုင်းနိုင်ငံ ဘန်းကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံတံတားပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး လက်တင်ကရာဘန်းခရိုင် အတွင်းက တည်ဆောက်ဆဲ မိုးပျံတံတားဟာ တနင်္လာနေ့နှောင်းပိုင်းက ပြိုကျသွားခဲ့တာဖြစ်ပါတယ်။

ဘန်ကောက်မြို့ လက်ထောက်အုပ်ချုပ်ရေးမှူး Wisanu Subsompon က ဟန်ချက်မညီမျှမှုကြောင့် ပြိုကျသွားခဲ့တာဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလမ်းဖောက်လုပ်မှုဟာ မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့ မိုးပျံ အဝေးပြေးလမ်းမကြီးတွေတည်ဆောက်ဖို့ စီစဉ်ထားတဲ့ အစိုးရရဲ့ စီမံကိန်းတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ လုံခြုံရေးစံနှုန်းတွေ ပေါ့လျော့လေ့ရှိတဲ့အတွက် မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ ခုနှစ်ကလည်း ဆောက်လုပ်ဆဲ အဆောက်အဦ ပြိုကျမှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ref; cna


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။