Trending Now

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း အသက်မွေးဝမ်းဆိုင်ရာ သင်တန်းပေါင်း ၁၅ ခု ဖွင့်လှစ်နိုင်ခဲ့

Spread the love

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း အသက်မွေးဝမ်းဆိုင်ရာ သင်တန်းပေါင်း ၁၅ ခု ဖွင့်လှစ်နိုင်ခဲ့

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၁၂

ကချင်ပြည်နယ်အတွင်း ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃ – ၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း အသက်မွေးဝမ်းဆိုင်ရာ သင်တန်းပေါင်း ၁၅ ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ သင်တန်း ၁၅ ခုမှာ မြစ်ကြီးနား ခရိုင်တွင် (၅) ကြိမ်၊ မိုးညှင်းခရိုင်တွင် (၃) ကြိမ် ၊ဗန်းမော်ခရိုင်တွင် (၅) ကြိမ်နှင့် ပူတာအိုခရိုင်တွင် (၂) ကြိမ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အဓိကကတော့ ဒီလိုအသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေတက်ရောက်ပြီး တစ်ပိုင်တစ်နိုင် အသေးစား ပေါ်ပေါက်လာမယ်။ ဒီလိုပေါ်ပေါက်လာတာနဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဝင်ငွေတွေရရှိလာမယ်။ နိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍ တိုးတက်လာမှာပဲ ဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ၂၀၂၃ – ၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း အသက်မွေးဝမ်းဆိုင်ရာ သင်တန်းပေါင်း ၁၅ ခု၊ သင်တန်းသား ၃၀၀ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း အလားတူ ရက်ကန်းနှင့် အသက်မွေးဝမ်းကြောင်း ကာလတိုသင်တန်း (၂) ကြိမ်၊ သင်တန်းသား ၄၀ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပို့ချပေးခဲ့သည့် သင်တန်းများမှာ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ အခြေခံ မော်တော်ဆိုင်ကယ်ပြင်သင်တန်း၊ သစ်/ဝါးအခြေခံ လက်မှု၊ သံဂဟေသင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း၊ လက်ရက်ကန်း၊ စက်ရက်ကန်း၊ သဘာဝဆိုးဆေး၊ ဖဲနှပ်ကောက် သင်တန်းတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂ – ၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းဆိုင်ရာ သင်တန်းပေါင်း ၄၁ ကြိမ်၊ သင်တန်းသား ၈၃၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။