Trending Now

မချမ်းဘော့မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဖွဲ့ စည်း၍ လုပ်ငန်းညှိနှိုင်းစည်းဝေး

Spread the love

မချမ်းဘော့မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဖွဲ့ စည်း၍ လုပ်ငန်းညှိနှိုင်းစည်းဝေး

EPN
မချမ်းဘော့၊ မတ် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများအတွက် လုပ်ငန်း ညှိနှိုင်းစည်းဝေးကို မတ်(၂၈)ရက် နံနက်(၈)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက လတ်တလောဖြစ်ပေါ်နေသော ကိုရိုနာဗိုင်း ရပ်စ်ရောဂါ မြို့နယ်အတွင်း ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ ရောဂါကူးစက်နိုင်ချေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်ရမည့်နည်း လမ်းများကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အဆိုပါလုပ်ငန်းကော်မတီအနေဖြင့် လိုအပ်လာပါက ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းသို့ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိ လာ၍ (၁၄)ရက်စောင့်ကြည့်ခံရသူများထားရှိရန် အဆောက်အအုံကို ရွှေးချယ်ခဲ့ကြပြီး လိုအပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အမျိုးသားကျန်းမာရေး တာဝန်တစ်ရပ် အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။