Trending Now

စစ်ကိုင်း ရတနာပုံ တံတားထိပ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအား စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး PDF သုံးဦး သေဆုံး

Spread the love

စစ်ကိုင်း ရတနာပုံ တံတားထိပ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအား စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး PDF သုံးဦး သေဆုံး
EPN
စစ်ကိုင်း၊ သြဂုတ် ၁၇
ရတနာပုံ တံတားထိပ် စစ်ကိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်တွင် ယနေ့ ဩဂုတ် ၁၇ရက် နံနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်က Express ကားတစ်စီးကို တားဆီး စစ်ဆေးရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါး၍ ကားပေါ်ပါ PDF အဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။
“PDF အဖွဲ့က သုံးဦးလုံးတော့ ကျသွားတယ် ဘယ်အဖွဲ့ကလည်း ဆိုတာတော့ မသိသေးဘူး လုံခြုံရေးအဖွဲ့က တစ်ဦးက တော့ ဒဏ်ရာရရှိပြီး ခရီးသည်တချို့လည်း ထိခိုက်ဒဏ်ရာ ရတာတွေ ဖြစ်သွားတယ်လို့” ဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရတနာပုံ တံတားကို ယာယီ ပိတ်ထားခဲ့ပြီး မနက် ၁၀ နာရီခန့်တွင် ပြန်လည် ဖွင့်ပေးခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။