Trending Now

ကျုံမငေးမြို့ရဲစခန်း အချုပ်ခန်းမှ အချုပ်သား လေးဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

Spread the love

ကျုံမငေးမြို့ရဲစခန်း အချုပ်ခန်းမှ အချုပ်သား လေးဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

EPN
ကျုံမငေး၊ ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ ကျုံမငေးမြို့နမြေရဲစခန်းအချုပ်မှ အချုပ်သား ၄ ဦးတွင် ယမန်နေ့ကကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဝါးခယ်မမြို့ရှိ စေတနာ့ဝန်ထမ်းများထံမှ သိရသည်။

ကျုံမငေးမြို့ ရဲစခန်းအချုပ်မှ အချုပ်သား ၄ ဦးသည် ဖျားနာခေါင်းကိုက်ဖြစ်နေခြင်းကြောင့် ဆေးရုံကိုပို့ ဆောင်၍ စစ်ဆေးရာတွင် ၎င်းတို့အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အချုပ်သား လေးယောက်က ဖျားနေတာ ဒါ့ကြောင့် သူတို့ကို ဆေးရုံခေါ်စစ်ဆေးတဲ့အခါပိုးတွေ့တာ။ ၄ ယောက်လုံးက ဖျားတာ မကြာသေးပါဘူး။ ဆေးလည်းထိုးထားသူတွေလို့ သိရတယ်။ လိုအပ်တဲ့ ကုသမှုတွေတော့လုပ်ပေးထားတာတွေ့ရတယ်။”ဟု ဝါးခယ်မမြို့ရှိ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာ အချုပ်သား ၄ ဦးသည် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးဖြစ်ပြီး ၎င်းတို့လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားသည်ဟု သိရသည်။

ဝါးခယ်မမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၆ ရက်အထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ စုစုပေါင်း၂၄ ဦးအထိ ရှိလာပြီး ၈ ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့်ရခဲ့ပြီး ၁၆ မှာ ဆက်လက်ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။