Trending Now

ပဲခူးမြို့၊ ရေကြီးရေလျှံမှု ဖြစ်စဉ်အတွင်း မျောပါ သေဆုံးနေသည့် အမျိုးသား အလောင်း နှစ်လောင်းတွေ့ရှိ

Spread the love

ပဲခူးမြို့၊ ရေကြီးရေလျှံမှု ဖြစ်စဉ်အတွင်း မျောပါ သေဆုံးနေသည့် အမျိုးသား အလောင်း နှစ်လောင်းတွေ့ရှိ

EPN
ပဲခူး၊ အောက်တိုဘာ ၁၁ (၂၀၂၃)

ပဲခူးတိုင်း၌ ရေကြီးရေလျှံမှုဖြစ်နေသည့် ပဲခူးမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း မျောပါသေဆုံးနေသည့် အမျိုးသားအလောင်း နှစ်လောင်း တွေ့ရှိထားကြောင်း ရှာဖွေကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

အဆိုပါ အလောင်းနှစ်လောင်းအား အောက်တိုဘာ ၁ဝ ရက်နှင့် ၉ ရက်တို့၌ တွေ့ရှိခြင်းဖြစ်ပြီး အသက် ၅၀ ကျော် အရွယ်ရှိသည့် အမျိုးသား အလောင်းများ ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦး က ပြောသည်။

”ပဲခူးမြို့၊ မှော်ကန်ရပ်ကွက်၊ ဆိုရှယ်လစ် (၂၄)လမ်းမှာ တစ် လောင်း တွေ့တယ်။ နောက်ထပ် တစ်လောင်းက ကယ်ဆယ်ရေး လုပ်နေရင်း ရေစီးနဲ့ပါလာလို့ ထပ်တွေ့တယ်။ အမျိုးသားတွေကြီးပဲ။ ဒါက ပဲခူးမြို့မှာ ရေကြီးရေလျှံနေအချိန်တွေ့ရတဲ့ အလောင်းတွေပါ။ကယ်ဆယ်ရှာဖွေရေးတွေလုပ်နေပါတယ်။” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရေစီနှင့် မျောပါသေဆုံးနေသည့် အမျိုးသားအလောင်း နှစ်လောင်း တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး နေရပ်၊ နာမည်စသဖြင့် မည်သည့်အချက် အလက်ကိုမှ မသိရှိရသေးကြောင်း၊ ပဲခူးမြို့၌ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ ၂၀၀၀၀ နီးပါးရှိခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၄၁ ခုသို့ ပြောင်းရွှေ့ထားရကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ချက်အရ သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။