Trending Now

အိမ်ဖြူတော်အနီးမှာ မိုးကြိုးပစ်ခံရတဲ့ လူလေးဦး စိုးရိမ်ရတဲ့ အခြေအနေတွင် ရှိနေ

Spread the love

အိမ်ဖြူတော်အနီးမှာ မိုးကြိုးပစ်ခံရတဲ့ လူလေးဦး စိုးရိမ်ရတဲ့ အခြေအနေတွင် ရှိနေ

EPN
နိုင်ငံတကာ၊ သြဂုတ် ၅

ကြာသပတေးနေ့ည ၇ နာရီအချိန်ခန့်က အိမ်ဖြူတော်အနီးမှာ မိုးကြိုးပစ်ခံခဲ့ရတဲ့ အမျိုးသားနှစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးတို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ စီအန်အန် သတင်းဌာနက ဖော်ပြထားပါတယ်။

အိမ်ဖြူတော် မြောက်ဖက်မှာ ရှိနေတဲ့ ပန်းခြံအလယ်ကို မိုးကြိုးပစ်ခဲ့တဲ့အချိန်မှာ လူလေးဦးကို ထိမှန်ခဲ့တာလို့ DC Fire and Emergency Medical Services ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗီတိုမက်ဂျီလို က ကြာသပတေးနေ့ညနေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဆိုပါလူလေးဦးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိဘဲ “လေးယောက်စလုံးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ခံစားနေကြရပါတယ်။ သစ်ပင်တွေက ဘေးကင်းတဲ့နေရာတွေမဟုတ်ပါဘူး သစ်ပင်အောက်မှာ ခိုလှုံဖို့ သွားမယ့်သူတိုင်း အဲဒီနေရာက အရမ်းအန္တရာယ်များတယ်။” လို့ ဗီတိုမက်ဂျီလို က ပြောကြားခဲ့ပါတယ်။

အဆိုပါ အမျိုးသားနှစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးကို နယ်မြေဆေးရုံတွေကို လွှဲပြောင်းပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဌာနတို့က တွစ်တာမှာရေးသား ထုတ်ပြန်ခဲ့ပါတယ်။

ကြာသပတေးနေ့ ညနေပိုင်းက အမေရိကန်မိုးလေဝသ ဌာနက ပြင်ထန်တဲ့မိုးကြိုးမုန်တိုင်းသတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ည ၇ နာရီအချိန်ခန့်မှာ မိုးကြိုးမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ပါတယ်။

source – CNN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။