Trending Now

ဖိလစ်ပိုင်ရဲစခန်းတစ်ခု တိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

Spread the love

ဖိလစ်ပိုင်ရဲစခန်းတစ်ခု တိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၄

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဝေးလံခေါင်ဖျားသော အကြမ်းဖက်မှုဝါဒ ဖြစ်ပွားနေသည့် ပြည်နယ်တစ်ခုတွင် မော်တော်ဆိုင်ကယ်သမားနှစ်ဦးက ရဲစခန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

အမ်-၁၆ ရိုင်ဖယ် ကိုင်ဆောင်ထားသည့် သံသယရှိသူတစ်ဦးက ယမန်နေ့ညပိုင်းက ဆူးလူးပြည်နယ်၊ ပါရန်းမြို့ရှိ ရဲစခန်းတစ်ခုကို ခုနှစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ရာ သေနတ်မှန်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်လေးဦးအနက် နှစ်ဦးမှာ ဆေးရုံတစ်ရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးရေး မှူး နီဇာဘာကွမ်က ပြောသည်။

တိုက်ခိုက်သူများကို မည်သူမည်ဝါဟု မဖော်ထုတ်ခဲ့သော်လည်း သံသယရှိသူများတွင် အဘူဆေယက် စစ်သွေးကြွများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ ပါဝင်ကြောင်း ၎င်းက ပြောသည်။

ကွန်ဂရက်က အတည်ပြုခဲ့ပြီး ဥပဒေအဖြစ် လက်မှတ်ရေးထိုးရန် သမ္မတ ရော့ဒရီဂိုဒူတာတေးထံ ပို့ ဆောင်ခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ငွေကြေးရလိုမှုဖြင့် ပြန်ပေးဆွဲမှုများ၊ ခေါင်းဖြတ်သတ်မှုနှင့် ဗုံးဖောက်ခွဲမှုများကြောင့် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအဖြစ် နာမည်ပျက် စာရင်းသွင်းထားသည့် အဘူဆေယက်ကဲ့သို့သော အဖွဲ့များကို ပစ်မှတ်ထားသည်။

ဝရမ်းမပါဘဲ သို့မဟုတ် ရာဇဝတ်မှုစွဲချက်များ မပြုလုပ်ဘဲ သံသယရှိသူများကို ၂၄ ရက်ကာ ချုပ်နှောင် ခွင့်ပြုသည့် အဆိုပါ ဥပဒေနှင့်ပတ်သက်၍ အတိုက်အခံများက သတိပေးခဲ့သည်။ အဆိုပါဥပဒေက စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အကြမ်းဖက်မှုဝါဒ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သဘောထားကွဲလွဲစေဟု ၎င်းတို့က ဆိုသည်။

ဆူးလူးနှင့် အခြားကျွန်းပြည်နယ်များတွင် ရာချီသော အဘူဆေယက် စစ်သွေးကြွများ ရှိနေဆဲဖြစ်ပြီး အ များစုမှာ ဖိလစ်ပိုင်တပ်မတော်၏ ထိုးစစ်ဆင်မှုများကြောင့် ပြေးလွှားနေရသည်။ အဘူဆေယက်တပ်ဖွဲ့ဝင် အများ အပြားမှာ လက်နက်ချခဲ့သည် သို့မဟုတ် မကြာသေးမီနှစ်များ အတွင်း သုတ်သင်ခံ သို့မဟုတ် ဖမ်းဆီးခံခဲ့ရသည်။

–ကိုးကား–
အေဘီစီနယူးစ်
Ref; 2 Philippine police killed, 2 wounded in station attack


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။