Trending Now

သင်္ကြန်ကာလ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုရပ်နားမည်

Spread the love

သင်္ကြန်ကာလ ရန်ကုန်မြို့ပတ်ရထား
ပြေးဆွဲမှုရပ်နားမည်

EPN
မြစ်ကြီးနား၊ ဧပြီ ၁ (၂၀၂၄)

သင်္ကြန်ရုံးပိတ် ကာလအတွင်း ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်ကြောင်း
ရန်ကုန်ဘူတာကြီးမှ သိရသည်။

သင်္ကြန်ရုံးပိတ်ရက် ကာလဖြစ်သည့် ဧပြီလ (၁၃) ရက်မှ သင်္ကြန်အတက်နေ့ ဧပြီလ (၁၆) ရက် အထိ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ယာယီရပ်နားထားမည်ဖြစ်ပြီး၊ နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ မြို့ပတ်ရထား ခရီးစဉ်များကို ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်မြို့ပတ်ရထားကို ခေါက်ရေ (၂၆) ခေါက်နှုန်းဖြင့် ပုံမှန်အတိုင်း ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေမှာလည်း ယခင်ထက်တိုးလာကြောင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလတွင် နယ်သို့ပြန်မည့် ခရီးသည်များဘအဆင်ပြေစေရန်အတွက် အထူးရထားများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရထားလမ်း အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး ဆောင်ရွက်မှု ပြီးစီးသွားပါက မြန်နှုန်းမြင့်ရထားများ အသုံးပြုကာ နေ့စဉ်လူဦးရေ ၂၄၀၀၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယူရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။