Trending Now

မြန်မာအမျိုးသမီးတစ်ဦးအပါအဝင်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဘန်းကောက်မြို့ ဈေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ နှစ်ဦးကို ထပ်မံဖမ်းဆီး

Spread the love

မြန်မာအမျိုးသမီးတစ်ဦးအပါအဝင်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဘန်းကောက်မြို့ ဈေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ နှစ်ဦးကို ထပ်မံဖမ်းဆီး

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

မြန်မာအမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ထိုင်းနိုင်ငံ ဘန်းကောက်မြို့အလယ်က ဈေးဝယ်စင်တာ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အမျိုးသားနှစ်ဦးကို ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားနှစ်ဦးဟာ ဈေးဝယ်စင်တာအတွင်းမှာ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်ကို သေနတ်ရောင်းချခဲ့တယ်လို့ သံသယရှိတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

Siam Paragon ကုန်တိုက်မှာ အင်္ဂါနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်ကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီးနောက် ထိုင်းတောင်ပိုင်း နက်ရှိုင်းယားပြည်နယ် ယာလာခရိုင်က အရာရှိတွေက အမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ရဲတွေက ဒီအမှုနဲ့ ဆက်နွှယ်တဲ့ နောက်ထပ်အထောက်အထားတွေရှာဖို့ သူတို့အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး စစ်ဆေးမေးမြန်းဖို့ ဘန်ကောက်ကို ပို့လိုက်ပါတယ်”လို့ အကြီးတန်း ယာလာရဲအရာရှိက အေအက်ဖ်ပီကို ပြောပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါပစ်ခတ်မှုအတွင်း စုစုပေါင်း ၇ ဦး သေနတ်ထိမှန်ခဲ့ပြီး ကုန်တိုက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီး ဒေါ်မိုးမြင့် နဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ် လူငယ်ကို လူသတ်ရန် ကြိုးပမ်းမှု၊ အများပြည်သူနေရာမှာ သေနတ်ကိုင်ဆောင်မှု၊ လိုင်စင်မဲ့ သေနတ်ကိုင်ဆောင်မှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

သူဟာ ယခင်က စိတ်ရောဂါဖြင့် ဆေးကုသမှုခံယူခဲ့ရပေမယ့် ဆေးမသောက်တာကြာပြီဖြစ်တဲ့အတွက် စိတ်ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု ခံယူနေရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။