Trending Now

အာဇာနည်နေ့ကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ပန်းခြံ၌ လူဦးရေအကန့်အသတ်ဖြင့် ကျင်းပမည်

Spread the love

အာဇာနည်နေ့ကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ပန်းခြံ၌ လူဦးရေအကန့်အသတ်ဖြင့် ကျင်းပမည်

 
                                                  ပုံ။ ၂၀၁၉ ခုနှစ်က အာဇာနည်နေ့မြင်ကွင်း

EPN
မြစ်ကြီးနား၊ ဇူလိုင် ၈

ယခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မည့် ၇၃ နှစ်မြောက်အာဇာနည်နေ့ကို မြစ်ကြီးနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ထုရှိရာ ဗိုလ်ချုပ်ပန်းခြံ၌ လူအသတ်အကန့်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့ ထံမှ သိရသည်။

လက်ရှိ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလတွင် လူစုလူဝေးမပြုရ ဒေသန္တရအမိန့့်အရ လူစုလူဝေး မဖြစ်စေရန် လူအနည်းစုဖြင့်သာ ကျင်း ပသွားမည်ဖြစ်ပြီး ယင်းနေ့ ပြည်သူများကိုလည်း ဗိုလ်ချုပ်ပန်းခြံအတွင်း လူစုခွဲ၍ ဝင်ခွင့် ပြုမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“အာဇာနည်နေမှာတော့ ကျနော်တို့ က လွမ်းသူပန်းခွေချ အခမ်းအနားကို လူဦးရေ ၃၈၀ လောက်နဲ့ အကျဉ်းချုပ် ပြုလုပ်သွားမှာပါ၊ ကျန် းမာရေးအရ ဒေသန္တရအမိန့်အတိုင်း စည်းကမ်းတွေနဲ့ပြုမှာပါ၊ နောက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ကျနော်တို့ပြည်သူတွေကို ကန့်သတ်ပြီးဝင်ခိုင်းသွားဖို့ရှိပါတယ်။” ဟု၎င်းကပြောသည်။

မြစ်ကြီးနားမြို့ရှိ ဗိုလ်ချုပ်ပန်းခြံကို မတ်လ(၂၃) ရက်နေ့က စတင်ကာပိတ်ထားခဲ့တာဖြစ်ကြောင်း သိရသည်။

ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။