Trending Now

တနိုင်းတွင် ဓားထောက်ပြီး အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်လုယူမှု ဖြစ်ပွား

Spread the love

တနိုင်းတွင် ဓားထောက်ပြီး အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်လုယူမှု ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဧပြီ ၂ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့တွင် ဓားထောက်ပြီး အမျိုးသားတစ်ဦးထံမှ ဆိုင်ကယ်လုယူမှု မတ်လ ၃၁ ရက်နေ့၊ ညပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်တွင် ကင်ဆားရာရပ်ကွက် မနောကွင်းလမ်းဆုံ နေရာ၌ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးအား မျက်နှာဖုံးစွတ်ထားသူ အမျိုးသားနှစ်ဦးမှ ရပ်တန့်စေပြီး နောက်ကျေားဘက်ဓားထောက်ကာ ၎င်း၏ဆိုင်ကယ်အား လုယူထွက်ပြေးသွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှ သိရသည်။

” ဆိုင်ကယ် လုယူတဲ့နှစ်ယောက်က မျက်နှာဖုံးတွေ စွတ်ထားပြီး ဆိုင်ကယ်ကိုတားလိုက်တာ။ စကားပြောချိန် မရပဲ အနောက်ကနေ ပါလာတဲ့ဓားနဲ့ ထောက်ပြီး ဆိုင်ကယ်ကိုယူသွားတယ်။ ဆိုင်ကယ်က 125 အသစ်ပဲရှိသေးတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ လုယူခံရသည့် ဆိုင်ကယ်မှာ အသစ်ဝယ်ယူထားသည့် 125 ဆိုင်ကယ်ဖြစ်ပြီး ဓားထောက်လုယူသူ အမျိုးသားနှစ်ဦးမှာ လူလတ်ပိုင်းများဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့တွင် မူးယစ်ဆေးသုံးစွဲသည့် လူငယ်၊ လူလတ်ပိုင်းများ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တစ်နေ့ထက်တစ်နေ့ များပြားလာပြီး ခိုးဆိုးလုယက်မှုများမှာ တစ်ပတ်လျှင် သုံးကြိမ်အထက် ပုံမှန်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။