Trending Now

ငွေကျပ်ဘီလီယံ ၄၀၀ သည် ငွေစက္ကူအသစ်ထပ်မံရိုက်နှိပ်ထားခြင်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

ငွေကျပ်ဘီလီယံ ၄၀၀ သည် ငွေစက္ကူအသစ်ထပ်မံရိုက်နှိပ်ထားခြင်းမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၇

န.စ.က ၏ နိုင်ငံစီးပွားပြန်လည်မြင့်တင်ရေးအတွက် သီးသန့်ရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ သည် ငွေစက္ကူအသစ် ထပ်မံရိုက်နှိပ်ထားတာမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ငွေကျပ်ဘီလီယံ ၄၀၀ သည် ငွေစက္ကူအသစ်များကို ထပ်မံရိုက်နှိပ်ထားခြင်းဖြစ်ပြီး နိုင်ငံအတွင်း ငွေးကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းသို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“အချို့သောပြည်ဖျက်မီဒီယာတွေ အနေနဲ့ ဒီကျပ်ဘီလီယံ ၄၀၀ ကို ငွေစက္ကူအသစ်တွေရိုက်နှိပ်ထုတ်ဝေတာတို့ ငွေကြေးဖောင်းပွအောင်လုပ်တာတို့ အံ့သြဖွယ်သိရှိရပါတယ် ကျွန်တော်တို့ ပြောချင်တာတော့ ဒီကျပ်ဘီလီယံ ၄၀၀ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိမ်းချုပ်ကုသရေးအတွက် ယခင်ကနေ သီးသန့်ထားရှိခဲ့တဲ့ ငွေများဖြစ်ကြောင်း နဲ့ ဒါကို အကျိုးရှိရှိအသုံးချနိုင်ရေးဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောလိုပါတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကိုဗစ်ကပ်ရောဂါ ရန်ပုံငွေ ၄၉၁ ဘီလီယံရှိသည့်အနက် အဆိုပါ ဘီလီယံ ၄၀၀ အား ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီဖြစ်သဖြင့် န.စ.က က သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံစီးပွားပြန်လည်မြင့်တင်ရေးအတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။