Trending Now

ကချင်တပြည်နယ်လုံး၌ ၂၅ ရက်အတွင်း နိုင်ငံသားစီစစ်ရေးကတ်ပြား ၄၀၀၀ ကျော် ပြုလုပ် ပေးနိုင်ခဲ့ဟု ဝန်ကြီးဆို

Spread the love

ကချင်တပြည်နယ်လုံး၌ ၂၅ ရက်အတွင်း နိုင်ငံသားစီစစ်ရေးကတ်ပြား ၄၀၀၀ ကျော် ပြုလုပ် ပေးနိုင်ခဲ့ဟု ပြည်နယ်ဝန်ကြီးဆို

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၃၀

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈မြို့နယ်၌ ယခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ ၂၅ရက်နေ့အထိ တိုင်းရင်းသား ပြည်သူများအား နိင်ငံသားစီစစ် ရေးကတ်ပြား ၄၀၀၀ ကျော် လုပ်ပေးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၌ ၁၄၅၇ဦး၊ မိုးညှင်းခရိုင်တွင် ၁၇၅၈ ဦး၊ ဗန်းမော် ခရိုင်တွင် ၇၇၇ ဦးနှင့် ပူတာအို ခရိုင်တွင် ၄၂၈ ဦး စုစုပေါင်း ၄၄၂၀ ဦးအတွက် လုပ်ပေးနိုင်ခဲ့ကြောင်း ယင်း ဝန်ကြီးဌာနမှ သိရသည်။

“ဒီလို နိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်ပေးတာက တစ်အချက် လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးတွေ မဆုံးရှုံးစေဖို့၊ နှစ်အချက် နိုင်ငံသားတွေဟာ မှတ်ပုံတင် မရှိဘဲ မြို့နယ်ဂိတ်တွေကို ဖြတ်ကျော်သွားတဲ့အခါ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ကို ဖြေရှင်းနိုင်ဖို့ အတွက် ဖြစ်ပါတယ်” ဟု ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။

ဆက်လက်ပြီး နိုင်ငံရေးစီစစ်ရေးကတ်ပြားများအား တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် ဝေးလံ ခေါင်ဖျား ဒေသများထိ ပြုလုပ်ပေးရသည့် အတွက် ဝန်ထမ်းမလုံလောက်မှု အခက်အခဲများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ဘတ်ဂျက်အသုံးစရိတ်ခက်ခဲမှုများလည်း ကြုံတွေ့ရကြောင်း ဝန်ကြီးက ဆိုသည်။

“အခက်အခဲကတော့ အဓိကက ဝန်ထမ်းလုံလောက်မှုမရှိတာ နောက်တစ်ခုက ဝေးလံတဲ့ ဒေသတွေကိုလည်း သွားရောက်လုပ်ဆောင်ပေးရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပြီးတော့ ဒီဘတ်ဂျတ်မှာ လျာထားတာ မရှိတာကြောင့် ဝန်ထမ်းတွေအတွက် ခရီးသွားလာရေးကုန် ကျစရိတ်နဲ့ သာမန် အသုံးစာရိတ်တွေကို စီမံကိန်းပြီးမှ ပြန်တောင်းရတာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ၂၀၁၉ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလ စီမံကိန်းရေးဆွဲကာ ဝေးလံခေါင်ဖျားဒေသက တိုင်းရင်းသားပြည်သူများကို အဓိကထား ကွင်းဆင်း ပြုလုပ်ပေးခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုးဝေ
_____________________________________________

ကခ်င္တျပည္နယ္လုံး၌ ၂၅ ရက္အတြင္း ႏိုင္ငံသားစီစစ္ေရးကတ္ျပား ၄၀၀၀ ေက်ာ္ ျပဳလုပ္ ေပးႏိုင္ခဲ့ဟု ျပည္နယ္ ဝန္ႀကီးဆို

EPN
ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၃၀

ကခ်င္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၁၈ၿမိဳ႕နယ္၌ ယခုႏွစ္၊ ေအာက္တိုဘာလ ၁ရက္ေန႔မွ ၂၅ရက္ေန႔အထိ တိုင္းရင္းသား ျပည္သူမ်ားအား နိင္ငံသားစီစစ္ ေရးကတ္ျပား ၄၀၀၀ ေက်ာ္ လုပ္ေပးႏိုင္ခဲ့ေၾကာင္း ကခ်င္ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာသည္။

ကခ်င္ျပည္နယ္အတြင္းရွိ ျမစ္ႀကီးနားခ႐ိုင္၌ ၁၄၅၇ဦး၊ မိုးညႇင္းခ႐ိုင္တြင္ ၁၇၅၈ ဦး၊ ဗန္းေမာ္ ခ႐ိုင္တြင္ ၇၇၇ ဦးႏွင့္ ပူတာအို ခ႐ိုင္တြင္ ၄၂၈ ဦး စုစုေပါင္း ၄၄၂၀ ဦးအတြက္ လုပ္ေပးႏိုင္ခဲ့ေၾကာင္း ယင္း ဝန္ႀကီးဌာနမွ သိရသည္။

“ဒီလို ႏိုင္ငံသားစီစစ္ေရးကတ္ျပားျပဳလုပ္ေပးတာက တစ္အခ်က္ လာမယ့္ေ႐ြးေကာက္ပြဲမွာ ႏိုင္ငံသားတိုင္း ႏိုင္ငံသားအခြင့္အေရးေတြ မဆုံးရႈံးေစဖို႔၊ ႏွစ္အခ်က္ ႏိုင္ငံသားေတြဟာ မွတ္ပုံတင္ မရွိဘဲ ၿမိဳ႕နယ္ဂိတ္ေတြကို ျဖတ္ေက်ာ္သြားတဲ့အခါ ႀကဳံေတြ႕ရတဲ့ စိန္ေခၚမႈေတြ ကို ေျဖရွင္းႏိုင္ဖို႔ အတြက္ ျဖစ္ပါတယ္” ဟု ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ဆိုသည္။

ဆက္လက္ၿပီး ႏိုင္ငံေရးစီစစ္ေရးကတ္ျပားမ်ားအား တစ္ျပည္နယ္လုံးအတိုင္းအတာအေနျဖင့္ ေဝးလံ ေခါင္ဖ်ား ေဒသမ်ားထိ ျပဳလုပ္ေပးရသည့္ အတြက္ ဝန္ထမ္းမလုံေလာက္မႈ အခက္အခဲမ်ား၊ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈႏွင့္ ဘတ္ဂ်က္အသုံးစရိတ္ခက္ခဲမႈမ်ားလည္း ႀကဳံေတြ႕ရေၾကာင္း ဝန္ႀကီးက ဆိုသည္။

“အခက္အခဲကေတာ့ အဓိကက ဝန္ထမ္းလုံေလာက္မႈမရွိတာ ေနာက္တစ္ခုက ေဝးလံတဲ့ ေဒသေတြကိုလည္း သြားေရာက္လုပ္ေဆာင္ေပးရတဲ့အတြက္ လမ္းပန္းဆက္သြယ္ေရး၊ ၿပီးေတာ့ ဒီဘတ္ဂ်တ္မွာ လ်ာထားတာ မရွိတာေၾကာင့္ ဝန္ထမ္းေတြအတြက္ ခရီးသြားလာေရးကုန္ က်စရိတ္နဲ႔ သာမန္ အသုံးစာရိတ္ေတြကို စီမံကိန္းၿပီးမွ ျပန္ေတာင္းရတာေတြ ရွိတယ္” ဟု ၎က ေျပာသည္။

ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံသားစီစစ္ေရး ကတ္ျပားမ်ားကို ၂၀၁၉ခုႏွစ္၊ ေအာက္တိုဘာလမွ ဒီဇင္ဘာလအထိ သုံးလ စီမံကိန္းေရးဆြဲကာ ေဝးလံေခါင္ဖ်ားေဒသက တိုင္းရင္းသားျပည္သူမ်ားကို အဓိကထား ကြင္းဆင္း ျပဳလုပ္ေပးခဲ့ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္ခင္ အၿပီးေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

မိုးေဝ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။