Trending Now

နယူးဇီလန်နိုင်ငံက မေလ ၁၄ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်အချို့ ဖြေလျှော့မည်

Spread the love

နယူးဇီလန်နိုင်ငံက မေလ ၁၄ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်အချို့ ဖြေလျှော့မည်

EPN
နိုင်ငံတာကာ၊ မေ ၁၁

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရန် ချမှတ်ထားသည့် ကန့်သတ်ချက်များ ဖြေလျှော့ပေးနေသည့် နယူးဇီ လန်နိုင်ငံက မေလ ၁၄ ရက်မှစ၍ စားသောက်ဆိုင်များ၊ ကဖေးဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ဈေးဝယ်စင်တာများ ပြန် လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သလို တိုင်းပြည်တွင်း ခရီးသွားလာခွင့်ပြုမည်ဟု ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က ယ နေ့ ပြောကြားလိုက်သည်။

စာသင်ကျောင်းများကို မေလ ၁၈ ရက်၊ ဘားများကို မေလ ၂၁ ရက်မှစ၍ ဖွင့်နိုင်ကြောင်း၊ လူစုဝေးမှုကို ၁၀ ဉီးထက်ပို၍ မစုဝေးရန် ကန့်သတ်မည်ဖြစ်ကြောင်း အာဒန်က ပြောသည်။ ယနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သစ် ၃ မှုရှိကြောင်း နယူးဇီလန်နိုင်ငံက ထုတ်ပြန်ခဲ့စဉ် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ယနေ့တွေ့ရှိသည့် ကူးစက်မှုသစ် ၃ မှုကြောင့် နယူးဇီလန်နိုင်ငံ၏ အတည်ပြု ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုမှာ ၁၁၄၇ မှုရှိပြီး ကူးစက်မှုများ၏ ၉၃ ရာခိုင်နှုန်းမှာ ပြန်လည်သက်သာလာခဲ့ကြောင်း သိရသည်။

နယူးဇီလန်အစိုးရက မေလ ၁၄ ရက်တွင် နှစ်စဉ်ထုတ်ပြန်နေကျ ဘတ်ဂျက် ကြေညာမည်ဖြစ်ပြီး တိုင်း ပြည်က နှစ်ပေါင်းများစွာကြာ ဘဏ္ဍာရေးလိုငွေ ပြမည်ဖြစ်ကြောင်း၊ စီးပွားရေးပံ့ပိုးမှု အစီအမံများကြောင့် ကြွေး မြီမှာ ယခင်ရည်မှန်းချက်များထက် မြင့်တက်လာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

နယူးဇီလန်နိုင်ငံကို အဆင့်လေးဆင့်ပါ ကန့်သတ်ချက်များဖြင့် အဝင်၊အထွက်ပိတ်ပင်ခဲ့ပြီး ဧပြီလ ၂၈ ရက်တွင် အဆင့်တစ်ဆင့် ဖြေလျော့ခဲ့သည်။

နယူးဇီလန်နိုင်ငံက ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်သော လူမှုရေးဆိုင်ရာ အစီအမံ များ ပြဌာန်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တားဆီးခဲ့သည်။

–ကိုးကား–
သည်စထရိတ်တိုင်းမ်
Ref; New Zealand to ease some coronavirus restrictions from Thursday


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။