Trending Now

ကျုံပျော်မြို့တွင် မူကြိုကျောင်းသားလေးတစ်ဦး ထော်လာဂျီတိုက်မိပြီး သေဆုံး

Spread the love

ကျုံပျော်မြို့တွင် မူကြိုကျောင်းသားလေးတစ်ဦး ထော်လာဂျီတိုက်မိပြီး သေဆုံး

EPN
ဧရာဝတီ၊ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်မှ မူကြိုကျောင်းသားလေးတစ်ဦး ဇွန်လ ၂၉ ရက် ညနေပိုင်းက ထော်လာဂျီအတိုက်ခံရပြီး သေဆုံးသည့်ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

သေဆုံးသူ မူကြိုကျောင်းသားလေးသည် အသက် ၃ နှစ် အရွယ်ဖြစ်ပြီး၊ အစ်ကိုဖြစ်သူနှင့်အတူ စက်ဘီးလိုက်လံ စီးနင်းနေစဉ် မန်းကြာအုပ်စု၊ အောင်ချမ်းသာရပ်ကွက်တွင် ကုန်တင်ထားသည့် ထော်လာဂျီနှင့် ချိတ်မိပြီး လမ်းနှင့်ဦးခေါင်းရိုက်မိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကပြောသည်။

” မနေ့က ဖြစ်တာပါ။ ကလေးက အသက် ၃ နှစ်ပဲရှိ သေးတာ။ သူအကိုနဲ့အတူ စက်ဘီးစီးနေရင်းဖြစ်တာ။ တစ်ခါတည်း ဆုံးသွားတာ။ ရွာတွေဘက်မှာက ထော်လာဂျီတို့ သုံးဘီဆိုင်ကယ်တို့ကို ကုန်ပစ္စည်းတွေ အဆမတန် တင်ပြီး မောင်းတာ။ အခုဖြစ်တဲ့နေရာက လမ်းကကျဉ်းတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။ ယာဉ်မောင်း တွေလည်း သတိထားဖို့လိုတယ်။ မိဘတွေကလည်း ကလေးတွေ အချင်းချင်း လွှတ်မထားဖို့ အကြံပြုချင်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျုံပျော်မြို့မရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ အခင်းဖြစ်နေရာကို လာရောက်စစ်ဆေးခဲ့ပြီး ထော်လာဂျီမောင်းနှင်သူအား ဖမ်းဆီးထား ကြောင်းသိရသည်။

ကျုံပျော်မြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်းကလည်း မြို့ပေါ်ဈေးတက်ဝယ်သည့် ထော်လာဂျီတစ်စီး အရှိန်လွန်တိမ်း မှောက်သဖြင့် လူ ၆ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူခဲ့ရသေးကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။