Trending Now

မြစ်ကြီးနားမြို့၊ ခရမ်းကျောင်းတိုက် နယ်လှည့်သာသနာပြု ဆရာတော်အား မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင် သံဃာတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်မှ လားရှိုးမြို့တွင် လာရောက်ကြိုဆို

Spread the love

မြစ်ကြီးနားမြို့၊ ခရမ်းကျောင်းတိုက် နယ်လှည့်သာသနာပြု ဆရာတော်အား မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင် သံဃာတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်မှ လားရှိုးမြို့တွင် လာရောက်ကြိုဆို

EPN
လာရှိုး၊ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် သို့ ရောက်ရှိတော်မှုနေသည့် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက် ခရမ်းကျောင်းတိုက် နယ်လှည့်သာသနာပြု ဆရာတော်အား မူဆယ်မြို့၊ ၁၀၅ မိုင် မိုင်းယုကျောင်းတိုက်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင်သံဃာတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးမှ လားရှိုးမြို့သို့ လာရောက်ကြိုဆိုခဲ့ပြီး ယနေ့နံနက် ၇ နာရီက မူဆယ်မြို့သို့ ကြွချီခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင် သံဃာတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် ခရမ်းကျောင်းတိုက် နယ်လှည့်သာသနာပြု ဆရာတော်တို့မှာ သာသနာပြု ခရီးစဥ်အဖြစ် မူဆယ်‌ဒေသ သို့ သွားရောက်ခြင်းဖြစ်ကြောင်း နယ်လှည့်သာသနာပြု ဆရာတော်က မိန့်ကြားသည်။

ခရမ်းကျောင်းတိုက် နယ်လှည့်သာသနာပြု ဆရာတော် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင် သံဃာတော်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးတို့ မူဆယ်မြို သို့ ကြွရောက်စဉ် နမ့်ဖတ်ကာကျေးရွာသို့ အရောက်တွင် နမ့်ဖတ်ကာကျေးရွာမှ ပလောင်တိုင်းရင်းသားမိသားစုတို့မှ ကာလဒါနအလှူတော်အဖြစ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။