Trending Now

ဂျပန်ဘုရင်နဲ့ မိဖုရား အဲလိဇဘက်ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို တက်ရောက်မယ်

Spread the love

ဂျပန်ဘုရင်နဲ့ မိဖုရား အဲလိဇဘက်ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို တက်ရောက်မယ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

ဂျပန်ဘုရင် နာရိုဟီတို နဲ့ မိဖုရား မာဆာကို တို့ဟာ လာမယ့် တနင်္လာနေ့မှာ ပြုလုပ်မယ့် အဲလိဇဘက်ဘုရင်မကြီး(၂) ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ဖို့ စီစဉ်နေပါတယ်။

ဗြိတိန်တော်ဝင်မိသားစုထံက ဖိတ်ကြားမှုကို လက်ခံရရှိပြီးနောက် အစိုးရက ဘုရင်နဲ့ မိဖုရားတို့တက်ရောက်ပေးဖို့ တောင်းဆိုထားတယ်လို့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် ဟီရိုကဇု က ဒီနေ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၈ ရက်နေ့က ကွယ်လွန်သွားတဲ့ အဲလိဇဘက်ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့မှာ လန်ဒန်မှာရှိတဲ့ ဝက်စမင်စတာ အက်ဗေးမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး အစိုးရ အကြီးအကဲတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ဂုဏ်သရေရှိသူတွေ တက်ရောက်မယ်လို့ ဆိုပါတယ်။

ဂျပန်ဘုရင်နဲ့ မိဖုရားဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်ထားပြီး အဆိုပါခရီးစဉ်ကို အစိုးရအဖွဲ့ အစည်းအဝေးမှာ တရာဝင်ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က နန်းတက်ခဲ့တဲ့ ဂျပန်ဘုရင်ဟာ နန်းတက်ပြီးနောက်ပိုင်း သူတို့ဇနီးမောင်နှံရဲ့ ပထမဦးဆုံး ပြည်ပခရီးစဉ်ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်ရောဂါကြောင့် ခရီးသွားလာရေး အစီအစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပေမယ့် ဘုရင်မကြီးက ဂျပန်ဘုရင်နဲ့ မိဖုရားကို ဗြိတိန်နိုင်ငံကို အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ဖူးတယ်လို့ ဆိုပါတယ်။

source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။