Trending Now

မုန်တိုင်းအန္တရာယ် ကာကွယ်ရေးအတွက် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ အပါအဝင် ဧရာဝတီက ကမ်းခြေများကို ယာယီပိတ်ထား

Spread the love

မုန်တိုင်းအန္တရာယ် ကာကွယ်ရေးအတွက် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ အပါအဝင် ဧရာဝတီက ကမ်းခြေများကို ယာယီပိတ်ထား
 
EPN
ပုသိမ်၊ မတ် ၂၃
 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ခြေ အပါအဝင် ကို ကမ်းခြေများ အားလုံးကို မုန်တိုင်းအန္တရာယ် ကာကွယ်ရေးအတွက် ယမန်နေ့က စတင်၍ ယာယီပိတ်ထားလိုက်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်းမှ သိရသည်။
 
ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်သည် မတ်လ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကို ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးချက်ကို မတ်လ ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ သတိပေးချက်ကြောင့် လူဦးရေအများဆုံး လာရောက် အပန်းဖြေလည်ပတ်ကြသည့် ကမ်းခြေများဖြစ်သော ချောင်းသာနှင့် ငွေဆောင် အပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကမ်းခြေများကို ယာယီပိတ်ထားလိုက်ခြင်း ဖြစ်သည်။
 
“မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အတွက် ချောင်းသာကမ်းခြေနဲ့ ငွေဆောင်ကမ်းခြေ အပါအဝင် ကမ်းခြေများ အားလုံးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွန်ချက်နဲ့ ပိတ်လိုက်တာဖြစ်ပါတယ်။ ကမ်းခြေတွေပြန်ဖွင့်ဖို့အတွက် ကိုတော့ မုန်တိုင်းအန္တရာယ် ကင်းရှင်းတဲ့ အခါ ပြန်လည်သတင်းထုတ်ပြန်သွားမှာဖြစ် ပါတယ်။ လာတဲ့ဧည့်တွေကိုလည်း ပြန်လွှတ်ပြီး ရောက်နေတဲ့ ဧည့်သည်တွေကိုလည်း စနစ်တကျရွေ့ပြောင်းထား ပါတယ်။”ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူက ပြောပြသည်။
 
ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်း အပန်းဖြေကမ်းခြေများသည် ပြည်တွင်းပြည်ပ မှ ဧည့်သည်များ လာရောက်အပန်းဖြေမှု အများဆုံးကမ်းခြေများဖြစ်ပြီး လက်ရှိ ချောင်းသာ ကမ်းခြေတွင် ဟိုတယ် ၃၉ လုံး၊ တည်ခိုခန်း ၅၉ လုံး၊ ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၃ လုံး၊ တည်ခိုခန်း ၄၆ လုံးရှိကာ ယင်းကမ်းခြေများကို စက်တင်ဘာလ ပထမ အပတ်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်ကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
 
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။