Trending Now

မှောင်ရိပ်ခိုကာ ကားပေါ်ထိုင်နေသူထံမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Spread the love

မှောင်ရိပ်ခိုကာ ကားပေါ်ထိုင်နေသူထံမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ မေ ၁၀

ကချင်ပြည်နယ် မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ညက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက် လှည့်ကင်းများဆောင်ရွက်ခဲ့စဉ် ညအချိန် မှောင်ရိပ်ခိုကာ ကားပေါ် ထိုင်နေသူ တစ်ဦး ထံမှ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်သူရိန်ဦး ဒုတပ်ကြပ် ရဲလင်းအောင် ဒုတပ်ကြပ်ကျော်မင်းထွေး တပ်သားကျော်နိုင်လင်း တပ်သားဖြိုးပိုင် တို့သည် သက်သေများနှင့်အတူ မေလ (၇)ရက်နေ့ ည(၉)နာရီခွဲ အချိန်တွင် လှည့်ကင်းဆောင်ရွက်နေစဉ် မိုးညှင်းမြို့၊ အောင်သပြေ (၁)ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် အရှေ့စု ရပ်ကွက်သွား လမ်းထိပ်၌ မှောင်ရိပ်ခိုရပ်နားထားသော မော်တော်ယာဉ်တစ်စီးအားတွေ့ရှိ၍ စစ်ဆေးခဲ့ရာ အဆိုပါ MDY-1L/**** နံပါတ်ပါ MITSUBISHI အမျိုးအစား မော်တော်ယာဉ် ပေါ်တွင် ကျော်ဇင် (ခ) ကြာဝူ ဆိုသူအား တွေ့ရပြီး မော်တော်ယာဉ်၏ ယာဘက် ကားတံခါးရွက်ရှိ အံခွက်ထဲ မှ WIN စာတန်းပါ ဆေးလိပ်ဗူးခွံအတွင်း ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသည့် ဘိန်းစိမ်းဟု ယူဆရသည့် အညိုရောင် အစေး (၁၅)ဂရမ်ခန့် အား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ဇင်(ခ)၊ ကြာဝူ၊ (၄၆)နှစ်၊ (ဘ)ဦးယော်ရှိန်၊ မှော်ရှန်ရပ်ကွက် ဆိုင်းတောင် ကျေးရွာ အုပ်စု ဖါးကန့်မြို့နယ် နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၇၄/၂၀၂၀ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။