Trending Now

၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက် အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံဖိုး မြန်မာစစ်တပ် တင်သွင်းခဲ့တယ်လို့ ကုလသမဂ္ဂဆို

Spread the love

၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက် အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံဖိုး မြန်မာစစ်တပ် တင်သွင်းခဲ့တယ်လို့ ကုလသမဂ္ဂဆို

EPN
နိုင်ငံတကာ၊ မေ ၁၉

၂၀၂၁ ခုနှစ် နောက်ပိုင်းကစလို့ မြန်မာစစ်တပ်က အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေနဲ့ လက်နက်ပြုလုပ်ရေးကုန်ကြမ်းတွေကို တင်သွင်းခဲ့တယ်လို့ ကုလသမဂ္ဂ အစီအရင်ခံစာတစ်စောင်က ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်အန်ဒရူးက နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က အဲဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှား၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေက ကုမ္ပဏီတွေ၊ ကွန်ရက်တွေနဲ့အကြား အရောင်းအဝယ်လုပ်ခဲ့တယ်လို့ ဖော်ပြထားပြီး ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့မှာ နိုင်ငံပိုင်ဌာနတွေ ပါဝင်ပတ်သက်နေတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

ဒီကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေသူတွေကို သူက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ နိုင်ငံတကာ လက်နက်ကွန်ရက်များ” လို့ ခေါ်ဆိုခဲ့ပြီး မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာတွေ လုံးဝပိတ်ပင်ရေး ချမှတ်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို သူက တောင်းဆိုခဲ့ပါတယ်။

ဒါအပြင် မြန်မာစစ်တပ်က လက်နက်တွေ၊ ဂျက်လေယာဉ်ဆီတွေ သေချာပေါက် မဝယ်နိုင်အောင် လက်နက်ပွဲစားတွေနဲ့ နိုင်ငံခြားငွေ အရင်းအမြစ်တွေအပေါ် တညီတညွတ်တည်း ဒဏ်ခတ်ပိတ်ဆို့ကြဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

source : NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။