Trending Now

ဓာတ်ဆီဈေးကြီးလို့ ကျွဲစီးပြီး ဈေးဝယ်ထွက်တဲ့ ထိုင်းအမျိုးသား

Spread the love

ဓာတ်ဆီဈေးကြီးလို့ ကျွဲစီးပြီး ဈေးဝယ်ထွက်တဲ့ ထိုင်းအမျိုးသား

EPN
နိုင်ငံတကာ၊ ဇွန် ၈

ထိုင်းနိုင်ငံ၊ နခွန်ရာချာဆီမာက ဆူရာဝပ်ချိုင်ဆန်ရစ်ဆိုတဲ့ ထိုင်းအမျိုးသားတစ်ဦးဟာ ဓာတ်ဆီဈေးကြီးတဲ့အတွက် ကျွဲစီးပြီး ဈေးဝယ်ထွက်ခဲ့တဲ့ ဓာတ်ပုံကို သူ့ရဲ့ ဖေစ်ဘုတ် စာမျက်နာကနေ ဇွန်လ ၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံနဲ့အတူ “လောင်စာဆီတွေ ဈေးကြီးနေမှတော့ ကျွဲကို အသုံးပြုရမှာပဲ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ ဒီလိုမျိုး ကျွဲစီးပြီး လျှောက်သွားခဲ့တဲ့ ဓာတ်ပုံကို လူထောင်ပေါင်းများစွာက ရယ်မော နှစ်သက်ခဲ့ကြပြီး ပိုစ့်ကို အကြိမ်ရေ ၆၀၀ ကျော်ပြန်လည် မျှဝေခဲ့ကြပါတယ်။

အဲ့ဒီအမျိုးသားရဲ့ လုပ်ရပ်ဟာ လူမှုကွန်ရက် စာမျက်နာတွေမှာ ပျံ့နှံနေပြီး မှတ်ချက်ပေးတာတွေ၊ ရယ်မောနောက်ပြောင်တာတွေရှိနေတဲ့အပြင် အချို့ကလည်း သူ့ရဲ့ ကျွဲကြီးကို ငှားလို့ရမလားဆိုပြီးတောင် မေးနေကြပါတယ်။

Source – NationThai

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။