Trending Now

လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသည့် အမျိုးသမီး တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသည့် အမျိုးသမီး တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
ဗန်းမော်၊ ဇူလိုင် ၃

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် မူးယစ်မှုဖြင့် ထောင် ၁၂ လကျခဲ့ပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီး တစ်ဦး ထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် တပ်ဖွဲ့စု(၁) ဗန်းမော်မှ သိရသည်။

အဆိုပါ အမျိုးသမီးသည် ၂၀၁၈ ခုနှစ်တွင် မူးယစ်ဆေးဝါးမှူဖြင့် ထောင်၁၂ နှစ် ကျခဲ့ပြီး ၂၀၂၀ တွင် လွှတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လာလွှတ်မြောက် လာသူဖြစ်ပြီး ၎င်းနှင့်အတူ ၎င်း၏ ခင်ပွန်းဖြစ်သူ တို့သည် ယမန်နေ့ ဇူလိုင် ၁ရက်နေ့ နေ့လယ်ပိုင်းက မံစီမြို့နယ် မံသာကျေးရွာအနီး မံသာ-သံတံတား ကျေးရွာသွား ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင် လာစဉ် ဖမ်းဆီး ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူဆပ်ပြာခွက် ၂ ခွက် အလေးချိန် ၂၀ ဂရမ်ခန့် (တန်ဘိုးငွေ ကျပ်သိန်း၂၀)နှင့် စိတ်ကြွဆေးပြား ၁၉၅ ပြားပါ ၂၀ ထုပ် ပေါင်း ၃၉၀၀ ပြားပါ အလေးချိန် ၃၉၀ ဂရမ်ခန့် (တန်ဘိုးငွေကျပ်၇၈ သိန်း) ပါဝင်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများဖြစ်သည့် မရွှေဌေး ၂၂ နှစ်၊ (ဘ)ဦးတင်ငွေနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ မျိုးမင်းဦး ၃၃ နှစ် (ဘ) ဦးခင်မောင်သန်း၊ ကျဘန်း၊ ဂါရားယန်ကျေးရွာ၊ မန်စီမြို့နယ် နေထိုင်သူ တို့ကို မံစီမြို့မရဲစခန်းက မန်စီမြို့မ ရဲတပ်ဖွဲ့စခန်း က မယ (ပ) ၂၉/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉ (က) /၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။