Trending Now

လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

Spread the love

လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

EPN
နေပြည်တော်၊ အောက်တိုဘာ ၁၁ (၂၀၂၃)

လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် ပဲခူးမြို့တို့ရှိ ရေဘေးသင့်ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံ တပ်မတော်သားများက အောက်တိုဘာ ၁၀ ရက်နေ့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျောက်ကုတင်ကျေးရွာ အုပ်စု၊ ကဒစ်ကျေးရွာ၊ မှော်ဘီမြို့ နယ်၊ မြောင်းတကာ ကျေးရွာနှင့် တိုက်ကြီးမြို့နယ်၊ ဖလုံကျေးရွာ အုပ်စု၊ စပါးကိုင်းကျေးရွာ တို့၌ အောက်တိုဘာလ ၉ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ရေဘေးသင့် ပြည်သူများအား ရေဘေးကင်းလွတ်သည့်နေရာများနှင့် ယာယီကယ်ဆယ်ရေး စခန်းများသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ မော်တော်ယာဉ်များသွားလာနိုင်ရေး ကူညီ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ အောက်တိုဘာလ ၇ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ အောက်တိုဘာ ၁၀ ရက်နေ့တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက ကွပ်ကဲမှု အောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့် ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းကူညီပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၁၁၉) စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆာကူရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။