Trending Now

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှအပါအ၀င် နိုင်ငံ ၁၁ နိုင်ငံက နိုင်ငံသားတွေကို ဂျပန်ပြည်၀င်ခွင့်ပိတ်

Spread the love

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရ်ှအပါအ၀င် နိုင်ငံ ၁၁ နိုင်ငံက နိုင်ငံသားတွေကို ဂျပန်ပြည်၀င်ခွင့်ပိတ် 

EPN
နိုင်ငံတကာ၊ မေ ၂၇

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်ဖို့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရ်ှအပါအ၀င် နိုင်ငံ ၁၀ နိုင်ငံကို ပြည်၀င်ခွင့်ပိတ်ဖို့ဆုံးဖြတ်လိုက်တယ်လို့ ဂျပန်၀န်ကြီးချုပ်ရှင်ဇို အာဘဲက တနင်္လာနေ့မှာပြောပါတယ်။

ဒီနေ့ကစပြီး ပိတ်ပင်မှုအသက်၀င်မှာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီနိုင်ငံတွေကိုရောက်ခဲ့တဲ့နိုင်ငံခြားသားတွေလည်း ၀င်ခွင့်ရမှာမဟုတ်ပါဘူး။


အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ အာဂျင်တီးနား၊ အယ်ဆာဗေဒိုး၊ ဂါနာ၊ ဂီနီယာ၊ ကာဇက်စတန်၊ ပါကစ္စတန်၊ တောင်အာဖရိကနဲ့ တာဂျစ်ကစ္စတန်နိုင်ငံတို့ကို ဂျပန်က ပြည်၀င်ခွင့်ပိတ်တာပါ။

ပြီးခဲ့တဲ့တစ်ပတ်မှာကတည်းက ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနက အဲဒီနိုင်ငံ ၁၁ နိုင်ငံကို မသွားကြဖို့ အကြံပြုထားတာပါ။

ဂျပန်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၁၁၁ နိုင်ငံကလာသူတွေကို ပြည်၀င်ခွင့်ပိတ်ထားပါတယ်။

Ref : Japan to expand entry ban to visitors from India, 10 others


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။