Trending Now

အိန္ဒိယနိုင်ငံက လပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း လမျက်နာပြင်ပုံရိပ်တွေ ပြသခဲ့

Spread the love

အိန္ဒိယနိုင်ငံက လပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း လမျက်နာပြင်ပုံရိပ်တွေ ပြသခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၄

အိန္ဒိယ အာကာသ သုတေသနအဖွဲ့ဟာ သူတို့ရဲ့ အာကာသယာဉ် လကမ္ဘာပေါ်ကို အောင်မြင်စွာ ပထမဆုံးအကြိမ်ဆင်းသက်နိုင်ခဲ့ပြီးနောက် လမျက်နာပြင် ပုံရိပ်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ဆိုဗီယက်ယူနီယံနဲ့ တရုတ်နိုင်ငံတို့ ပြီးရင် လကမ္ဘာပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ စတုတ္ထမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။

Chandrayaan-3 က ရိုက်ယူခဲ့တဲ့ ပုံရိပ်တွေဟာ အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ လမျက်နာပြင်နဲ့ ခြေထောက်အရိပ်ပုံတွေကို ကွက်ကွက်ကွင်းကွင်းပြသခဲ့ပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို ရောက်ရှိနေတဲ့ ဝန်ကြီးချုပ် မိုဒီဟာ တောင်အာဖရိကနိုင်ငံကနေ ဆင်းသက်နိုင်မှုကို ကြည့်ရှု့ခဲ့ပါတယ်။

“အိန္ဒိယက အခု လပေါ် ရောက်နေပါပြီ။ ဒါက ထာဝရ မြတ်နိုးရမယ့် အခိုက်အတန့်ပါပဲ… အိန္ဒိယရဲ့ ပျံသန်းမှုအသစ်က ကျွန်တော်တို့ သက်သေခံနေပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

ဆင်းသက်ပြီး နာရီအနည်းငယ်အကြာမှာ နောက် ၁၄ ရက်အတွင်း လမျက်နှာပြင်ရဲ့ ဓာတ်သတ္တုဖွဲ့စည်းပုံကို စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ အိန္ဒိယက ဆိုပါတယ်။

Chandrayaan-3 ဟာ အိန္ဒိယနိုင်ငံရဲ့ တတိယမြောက် လကမ္ဘာရှာဖွေရေးမစ်ရှင်ဖြစ်ပြီး ဇူလိုင် ၁၄ ရက်က လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

ရုရှားရဲ့ Luna-25 အာကာသယာဉ် လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းပေါ်ကို ဆင်သက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကျဆုံးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက အောင်မြင်စွာဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အိန္ဒိယရဲ့ အောင်မြင်မှုအတွက် ဗုဒ္ဓဟူးနေ့မှာ မိုဒီကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

“ဒါဟာ အာကာသ စူးစမ်းလေ့လာရေးမှာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး အိန္ဒိယရဲ့ သိပ္ပံနဲ့ နည်းပညာမှာ အထင်ကြီးလောက်စရာ တိုးတက်မှုတွေကို သက်သေပြလိုက်တာပါ” လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

Ref; kyodonews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။