Trending Now

ဆုတောင်းပြည့် ကပ်ကျော်ဇဗ္ဗူအေးဘုရား မြို့ဦးစေတီတော်၏ အကြိမ် ၅၀ မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရက်ရွှေ့ဆိုင်း

Spread the love

ဆုတောင်းပြည့် ကပ်ကျော်ဇဗ္ဗူအေးဘုရား မြို့ဦးစေတီတော်၏ အကြိမ် ၅၀ မြောက်ဗုဒ္ဓပူဇနိယပွဲတော် ရက်ရွှေ့ဆိုင်း

EPN
မိုးညှင်း၊ မတ် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ထီးလင်းကျောင်းတိုက်ဆရာတော်ဦးစီးပြီး နှစ်စဉ်ကျင်းပပြုလုပ်သည့် ဆုတောင်းပြည့် ကပ်ကျော်ဇဗ္ဗူအေးဘုရား မြို့ဦးစေတီအကြိမ် ၅၀ မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက်ရွှေ့ဆိုင်း လိုက်ကြောင်း ထီးလင်းကျောင်းတိုက်ဆရာတော်ထံမှသိရသည်။

COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်မှုကြိုတင် ကာကွယ်နိုင်ရေးအတွက် ပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့၏ ပွဲကျင်းပခွင့် ပြုမည့်ရက်အထိ ရွှေ့ဆိုင်းထားပြီး ကံစမ်းမဲများရောင်းချထားသည့် အတွက် ပွဲကျင်းပခွင့်ရပါက ပွဲတော်နောက်ဆုံးရက်တွင် ကံထူးရှင်ကို ရွေးချယ်သွားမည်ဖြစ်သောကြောင့် မဲလက်မှတ်များကို သိမ်းဆည်းထား ကြရန် ထီးလင်းဆရာတော်ဦးအင်္ဂုရ၏ အနီးကပ် နေထိုင်ပြုစုနေသူ တစ်ဦးက ဆိုသည်။

 

“ထီးလင်းသာသနာ့ဗိမာန်အတွင်း သံဃိကအဆောက်အဦးများ တိုးချဲ့ဆောက်လုပ်ဖို့နဲ့ ယဉ်ကျေးလိမ်မာ ဗုဒ္ဓဝင်သင်တန်းတွေ ကျင်းပနိုင်ရေးအတွက် ကံစမ်းမဲများရောင်းချထားတာကိုလည်း ပွဲတော်ကျင်းပခွင့်ရချိန်နောက်ဆုံးရက်မှာပဲ ပြုလုပ်နေကျအတိုင်း ကံထူးရှင်ရွှေးချယ်သွားမှာဖြစ်လို့ စိတ်မပူပဲ မဲလက်မှတ်များ သိမ်းဆည်းထားကြပါ” ဟု ဆရာတော်ကိုယ်စား ပြောဆိုခွင့်ရှိသူကို ကျော်ထူးက ပြောသည်။

မိုးညှင်းမြို့ ထီးလင်းဘုရားပွဲတော်ကို မတ်လ ၂၆ ရက်မှ ၃၁ ရက်နေ့အထိ နှစ်စဉ်စည်ကားစွာကျင်းပလေ့ရှိသော်လည်း ယခု ၂၀၂၀ ခုနှစ် အကြိမ် ၅၀ မြောက်တွင် COVID-19 ဗိုင်းရပ် ကူးစက်ပျံပွားနေသောကြောင့် ကြိုတင်ကာကွယ်ရေးအတွက် ပွဲတော်ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းလိုက် ရပြီး ယင်းသို့ ရွှေ့ဆိုင်းလိုက်သည်မှာ ထီးလင်းဘုရားပွဲတော်အနေဖြင့် ပထမဦးဆုံးအကြိမ် ရက်ရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ မိုးညှင်းမြို့တွင် လူစည်ကားစေမည့် ဘာသာရေးပွဲများ၊ တရား စခန်းများ ရုပ်ရှင်ရုံများကို ပိတ်ထားကြောင်းသိရသည်။

မုန်းမုန်းမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။