Trending Now

ပူတာအိုမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့်နေအိမ်တစ်လုံးဆုံးရှုံး

Spread the love

ပူတာအိုမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့်နေအိမ်တစ်လုံးဆုံးရှုံး

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၅

ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ လေယာဉ်ကွင်းရပ်ကွက်(၂) သာယာကုန်းရပ်ကွက်တွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပူတာအိုမြို့မ မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပူတာအိုမြို့နယ် လေယာဉ်ကွင်းရပ်ကွက်(၂) သာယာကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးရှိ မီးဖိုချောင် မီးဖိုမီးကြွင်းမီးကျန်မှ ထရံသို့ မီးကူးစက်ပြီး နေအိမ်တစ်လုံး မီးလောင်မူဖြစ်ပွားခဲ့ကြောင်း ပူတာအိုမြို့မ မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မီးဖိုချောင်ကနေ မီးကူးစက်ပြီးလောင်တာပါ၊မီးဖိုထဲကမီးကြွင်းမီးကျန်ကို ကောင်းကောင်းမငြိမ်းထားလို့ပေါ့ ၊အဲ့မီးကနေ ထရံကိုကူးပြီးလောင်သွားတာ၊နေအိမ်ကြီးပါလောင်သွားတယ်၊နံနက် ၁၀ နာရီလောက်ကနေ စလောင်တာ ကျွန်တော်တို့အဖွဲ့က မီးသတ်ကားနှစ်စီးနဲ့ နာရီဝက်လောက်ငြိမ်းသတ်လိုက်ရတယ်၊ လူတရိစ္ဆာန်ထိခိုက်သေဆုံးမူတော့မရှိဘူး”ဟု၎င်းကပြောသည်။

ယင်းမီးလောင်မှုကြောင့်( ၂၁ × ၁၆)ပေ သွပ်မိုး၊ ဝါးခင်း၊ ထရံကာ၊ လူနေအိမ် (၁)လုံးဆုံးရှုံးမှု တန်ဖိုး(၁၁၀၀၀ဝိ/-)နှင့် (၁၄ × ၁၈)ပေ သွပ်မိုး၊ ဝါးခင်း၊ ထရံကာ၊ ခြေတိုင်ရှည် မီးဖိုချောင်(၁)လုံး ဆုံးရှုံးမှုတန်းဖိုး စုစုပေါင်း(၉၀၀၀ဝိ/-)ခန့်မီးလောင်ဆုံးရှုံးခဲ့၊ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ (၂၀၀၀၀၀ိ/-)ကျပ် ခန့်ဆုံးရှုံးခဲ့ရပြီး လူတရိစ္ဆာန်သေဆုံးထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးဂျေဖူ၊ အသက် (၄၅)နှစ်အား ပူတာအိုမြို့မရဲစခန်းမှ ပ-အမှတ် ၃၈/၂၀၂၂၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။