Trending Now

နီပေါလ်နိုင်ငံရောက် သီတဂူဆရာတော်ကြီးမှ The Lumpini ပြတိုက်ကို သွားရောက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် အဆူ သုံးဆယ်ကို လွှဲပြောင်းပေးအပ်

Spread the love

နီပေါလ်နိုင်ငံရောက် သီတဂူဆရာတော်ကြီးမှ The Lumpini ပြတိုက်ကို သွားရောက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် အဆူ သုံးဆယ်ကို လွှဲပြောင်းပေးအပ်

EPN
နေပြည်တော်၊ ဧပြီ ၂၉

နီပေါလ်နိုင်ငံ ရောက်ရှိနေသည့် သီတဂူဆရာတော်ကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းက နီပေါလ်နိုင်ငံ လမ္ဗိနီ ဥယျာဉ်ရှိ The Lumpini ပြတိုက်ကို သွားရောက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော် အဆူ သုံးဆယ်ကို လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

ပေးအပ်ခဲ့သော သုံးဆယ်သော ဗုဒ္ဓရုပ်ပွားတော်များသည် နိုင်ငံပေါင်းစုံ၊ ခေတ်ပေါင်းစုံ၊ မုဒြရာမျိုးစုံဖြစ်ပြီး၊ ရုပ်ပွားတော်များသည် သုံးပေမြင့်ပြီး မြန်မာနိုင်ငံ မန္တလေးမြို့တွင် ကြေးဝါဖြင့် ပြုလုပ်ထားကြောင်း သိရသည်။

ဆောက်လုပ်ဆဲ စတုရန်းမီတာ တစ်သောင်းရှိသော ပြတိုက်ကြီး အလှဆင်ရန် ဆရာတော်ကြီးက ဒေါ်လာ တစ်သောင်း လှူဒါန်းသေးကြောင်း သိရသည်။

Lumbini ပြတိုက်သည် ဗုဒ္ဓ၏ ဇာတိသမိုင်းနှင့် ထင်ရှားမှုကို ပြသထားသည့် ကမ္ဘာ့ပထမဆုံး ပြည်နယ်အနု ပညာပြတိုက် ဖြစ်လာမှာဖြစ်ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။