Trending Now

ထွက်ပြေးသူ ယာဉ်မောင်းတစ်ဦး အား လိုက်လံ ဖမ်းဆီးရာ ဘိန်းဖြူ ဆပ်ပြာခွက်များနှင့် အတူ ဖမ်းဆီးရမိ

Spread the love

ထွက်ပြေးသူ ယာဉ်မောင်းတစ်ဦး အား လိုက်လံ ဖမ်းဆီးရာ ဘိန်းဖြူ ဆပ်ပြာခွက်များနှင့် အတူ ဖမ်းဆီးရမိ

EPN
မိုးကောင်း၊ ဇွန် ၂၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် သတင်းအရ သက်ဆိုင်ရာမှ ပိတ်ဆို့ရှာဖွေစဉ် ထွက်ပြေးသွားသည့် ယာဉ်မောင်းတစ်ဦး အား ဘိန်းဖြူ ဆပ်ပြာခွက်များနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပင်းဘောနယ်မြေရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ မိုးကောင်းမြို့နယ်၊ ပင်းဘောနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်လှိုင်ထွေး ဦးစီးတပ်ဖွဲ့ဝင်များ၊ တောင်နီ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်နီပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် ယနေ့၊ ဇွန် (၂၉)ရက် နံနက်ပိုင်းက မိုးကောင်းမြို့နယ် တောင်နီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့ ပြည်ထောင်စု လမ်းမပေါ်တွင် တောင်နီကျေးရွာသို့ ဖြတ်သန်းသွားလာသည့် ယာဉ်များကို စစ်ဆေးနေစဉ် အဖြူရောင် Mark II ယာဉ် တစ်စီးသည် မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးသွား သဖြင့် လိုက်လံဖမ်းဆီးခဲ့ရသည်။

ယင်းသို့ လိုက်လံဖမ်းဆီးရာ အဆိုပါ အဖြူရောင် Mark II ယာဉ်သည် လမ်းဘေးရှိ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် စိုက်ထူထားသည့် အုတ်တိုင်ကို တိုက်မိခဲ့ပြီး ယာဉ်ရပ်တန့်သွားစဉ် ယာဉ်မောင်းသူမှာ ထပ်မံထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ တောင်နီကျေးရွာ ဇီးပင်ကွေ့ ကားလမ်းဘေး လယ်ကွင်းအစပ်တွင် ပိုက်ထားသည့် အထုတ် တစ်ထုတ်နှင့်အတူ အဆိုပါ ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ယာဉ်မောင်းမှာ ဝင်းမင်းသန်းဆိုသူဖြစ်ပြီး ၎င်း ပိုက်ထားသည့် အထုတ်အား သက်သေများရှေ့တွင် ဖွင့်ဖေါက်စစ်ဆေးရာ ရောင်စုံ ဆပ်ပြာခွက်များ အတွင်း ဘိန်းဖြူ တခွက်လျှင်(၉)ဂရမ်ခန့်ပါသည့် ဘိန်းဖြူ ဆပ်ပြာခွက် (၂၂)ခွက်ကို သိမ်းဆည်းနိုင်ခဲ့သည်။

လက်ရှိတွင် အဆိုပါ ဘိန်းဖြူ ဆပ်ပြာခွက်များနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည့် ဝင်းမင်းသန်း (၃၅)နှစ် ပင်းဟဲကျေးရွာ၊ မိုးညှင်းမြို့နယ် နေသူအား ပင်းဘော နယ်မြေရဲစခန်းက မယ(ပ)၊ ၂၂/၂၀၂၀ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။