Trending Now

တရုတ်နဲ့ ရုရှားတို့ ဂျပန်ပင်လယ်ပြင်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

Spread the love

တရုတ်နဲ့ ရုရှားတို့ ဂျပန်ပင်လယ်ပြင်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၁

တရုတ်နဲ့ ရုရှားတို့ဟာ ဂျပန်ပင်လယ်ပြင်မှာ ပူးတွဲရေတပ်နဲ့ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ CCTV ဇူလိုင်လ ၂၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

နှစ်ဘက်စလုံးက ရေကြောင်း၊လေကြောင်း စောင့်ကြပ်ခြင်း၊ ဟန့်တားခြင်း၊ တွန်းလှန်ခြင်းနဲ့ ကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို အဓိကထားလုပ်ဆောင်သွားမယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။

“ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နဲ့ ရုရှားတပ်တွေရဲ့ စွမ်းရည်တွေကိုလည်း စမ်းသပ်သွားမယ်” လို့ CCTV က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘော ၁၀ စင်းနဲ့ လေယာဉ် အစင်း ၃၀ ကျော် ပါဝင်ကြောင်း တရုတ် ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ အဓိကပန်းတိုင်ဟာ ရုရှားဖက်ဒရေးရှင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ရေတပ်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်တယ်လို့ ဆိုပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။