Trending Now

ခရစ္စရော့ခ်ကို ပါးရိုက်ခဲ့တဲ့ မင်းသားကြီး ဝီလ်စမစ် ရုပ်ရှင်အကယ်ဒမီကနေ နှုတ်ထွက်

Spread the love

ခရစ္စရော့ခ်ကို ပါးရိုက်ခဲ့တဲ့ မင်းသားကြီး ဝီလ်စမစ် ရုပ်ရှင်အကယ်ဒမီကနေ နှုတ်ထွက်

EPN
နိုင်ငံတကာ၊ ဧပြီ ၂

မင်းသားကြီး ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲညက ခရစ္စရော့ခ်ကို ပါးတက်ရိုက်ခဲ့ပြီးနောက် ရုပ်ရှင် အကယ်ဒမီကနေ ကြေကွဲဝမ်းနည်းစွာနဲ့ မနေ့က နုတ်ထွက်သွားခဲ့ပါတယ်။

အစီစဉ်တင်ဆက်သူဖြစ်တဲ့ ခရစ္စရာ့ခ်ဟာ ဝီလ်စမစ်ရဲ့ ဇနီးဖြစ်သူ ကတုံးဆံပင်ပုံစံကို ဟာသလုပ် ပြောဆိုခဲ့လို့ မင်းသားကြီး ဝီလ်စမစ်က စင်ပေါ်တက်ပြီး ခရစ်စ်ရောခ့်ကို ပါးရိုက်ခဲ့တာဖြစ်ပါတယ်။

စမစ်က ရုပ်ရှင်အကယ်ဒမီကနေ နှုတ်ထွက်ခဲ့ဒါအပြင် ဘုတ်အဖွဲ့က ချမှတ်ထားတဲ့ နောက်ထပ် ပြစ်ဒဏ်တွေကိုပါ လက်ခံသွားမယ်လို့ ပြောကြား ခဲ့တာပါ။

မင်းသား ဝီလ်စမစ်ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ “ကျနော့်ရဲ့ အပြုအမူအတွက် အကျိုးဆက်အားလုံးကို အပြည့်အဝ လက်ခံမှာပါ။ အကယ်ဒမီဆုပေးပွဲ မိတ်ဆက်ပွဲ မှာ ဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ လုပ်ရပ်တွေက ထိတ်လန့်တုန်လှုပ်စရာပါပဲ ခွင့်လွှတ်လို့ မရပါဘူး”လို့ ပြောဆို ခဲ့ပါတယ်။

ရုပ်ရှင်အကယ်ဒမီ ဥက္ကဋ္ဌ ဒေးဗစ်ရူဘင်ကတော့ စမစ်ရဲ့နုတ်ထွက်စာကို လက်ခံကြောင်း ပြောကြားခဲ့ပြီး အကယ်ဒမီရဲ့ ကျင့်ဝတ်စံနှုန်း‌တွေကို ချိုးဖောက်မှုအတွက် ဝီလ်စမစ်ကို စည်းကမ်း ပိုင်းဆိုင်ရာ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မင်းသားကြီး ဝီလ်စမစ်ဟာ ဒီနှစ်အတွက် “King Richard” ရုပ်ရှင်ဇတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီဆုကို လွဲချော်ပါက ရုပ်ရှင်အကယ်ဒမီကနေ ချမှတ်မဲ့ ပြစ်ဒဏ်ကို နှစ်ဆခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။