Trending Now

ရုရှားက ပြစ်ဒဏ်ကျခံနေရတဲ့ လူပေါင်း ၅၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

Spread the love

ရုရှားက ပြစ်ဒဏ်ကျခံနေရတဲ့ လူပေါင်း ၅၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

EPN
နိုင်ငံတကာ၊ မတ် ၂၇

ယူကရိန်းမှာ Wagner Group နဲ့ အတူ ရုရှားဘက်ကနေ တိုက်ပွဲဝင်ခဲ့တဲ့ ပြစ်ဒဏ်ကျခံနေရသူ ၅၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

ယူကရိန်းကို တိုက်ခိုက်ဖို့ Wagner Group ကိုဝင်ရောက်ခဲ့တဲ့ ရာဇဝတ်သားဟောင်း ၅,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလို့ Wagner တည်ထောင်သူ ပါရီဂိုဇင်က စနေနေ့က ပြောကြားခဲ့ပါတယ်။

“လက်ရှိအချိန်မှာတော့ Wagner နဲ့ စာချုပ်တွေ ချုပ်ဆိုထားတဲ့ လူပေါင်း ၅၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်” လို့ သမ္မတ ဗလာဒီမာပူတင်နဲ့ ရင်းနှီးတဲ့ ပါရီဂိုဇင်က တယ်လီဂရမ်မှာ ပြောဆိုထားပါတယ်။

Wagner Group က ထောင်နဲ့ချီတဲ့ လူတွေကို အကျဉ်းထောင်တွေကနေ ခေါ်ယူခဲ့ပြီး ယူကရိန်းက အန္တရာယ်အရှိဆုံး တိုက်ပွဲအချို့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ရုရှားစစ်တပ်က စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Wagner ဟာ လစ်ဗျား၊ ဆီးရီးယား၊ ဗဟိုအာဖရိကသမ္မတနိုင်ငံနဲ့ မာလီတို့မှာတိုက်ပွဲဝင်ခဲ့ပြီး သူတို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး အဖွဲ့တစ်ခုဖြစ်ပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။