Trending Now

ေမခႏွင့္ ေငါ့ခ်န္းချမစ္အတြင္းတည္ေဆာက္မည့္ ေရကာတာစီမံကိန္းမ်ားကုိ ကန္႔ကြက္သည့္အေနျဖင့္ လူထုဆုေတာင္းပြဲ ျပဳလုပ္မည္

Spread the love

ေမခႏွင့္ ေငါ့ခ်န္းချမစ္အတြင္းတည္ေဆာက္မည့္ ေရကာတာစီမံကိန္းမ်ားကုိ ကန္႔ကြက္သည့္အေနျဖင့္ လူထုဆုေတာင္းပြဲ ျပဳလုပ္မည္
 EPN
ခ်ီေဖြ၊ မတ္ ၁၁
ေမခႏွင့္ ေငါ့ခ်န္းချမစ္အတြင္းတည္ေဆာက္မည့္ ေရကာတာစီမံကိန္းမ်ားကုိ ကန္႔ကြက္သည့္အေနျဖင့္ ကခ်င္ျပည္နယ္၊ ခ်ီေဖြၿမိဳ႕နယ္တြင္ မတ္လ ၁၄ ရက္ေန႔တြင္ က်ေရာက္ေသာ ျမစ္ေခ်ာင္းအင္းအိုင္မ်ားေန႔ အထိမ္းအမွတ္ လူထုဆုေတာင္းပြဲ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ယင္း ဆုေတာင္းပြဲဦးေဆာင္သူမ်ားထံမွ သိရသည္။

၄င္းလူထုဆုေတာင္းပြဲကို ခ်ီေဖြၿမိဳ႕နယ္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႔ (ေလာင္ဗစ္ေခါင္)မွ ဦးေဆာင္၍ ေဒသခံ ၅၀၀ ခန္႔ပါဝင္မည္ ျဖစ္ေၾကာင္း ယင္းအဖြဲ႔မွ ေဒၚဇုံးလုံက ေျပာၾကားသည္။
အဓိကေတာ့ ေမခနဲ႔ ေငါ့ခ်န္းခမွာတည္ေဆာက္မယ့္ ေရကာတာကုိ ကန္႔ကြက္တဲ့ေနနဲ႔လုပ္တာပါ။ ေဆာ့ေလာ္ နဲ႔ ခ်ီေဖြၿမိဳ႕နယ္ဘက္က လူအင္အား ငါးရာေလာက္ခန္႔မွန္းထားတယ္ ဟု ၎က  ေျပာသည္။
အဆိုပါ ဆုေတာင္းပြဲျပဳလုပ္ရန္အတြက္ ခ်ီေဖြၿမိဳ႕နယ္ရဲတပ္ဖြဲ႔သုိ႔ ၿငိမ္း၊ စု၊ စီ ခြင့္ျပဳမိန္႔တင္ရန္ အေၾကာင္းၾကားလာသည့္အတြက္ ယင္းခြင့္ျပဳမိန္႔တင္ဖို႔ ျပင္ဆင္ေနေၾကာင္း ၎က ဆက္ေျပာသည္။
အခုက စီတန္းလွည့္လည္ၿပီး ဆႏၵျပမွာလည္းမဟုတ္ဘဲနဲ႔ စာတင္ခိုင္းေနတယ္။ ဒါက ႏုိင္ငံတကာ ျမစ္ေခ်ာင္း အင္းအိုင္မ်ားေန႔မွာ တရားဝင္အထိမ္းအမွတ္လုပ္တာပဲ။ ၿပီးေတာ့ ဆုေတာင္းပြဲပဲလုပ္တာျဖစ္တယ္။ ဒါကိုေတာင္ စာတင္ခိုင္းေနတယ္ ဟု ၎က ဆက္လက္ေျပာၾကားသည္။
ေကာင္းေကာင္း
————————————————————- 
မေခနှင့် ငေါ့ချန်းခမြစ်အတွင်းတည်ဆောက်မည့် ရေကာတာစီမံကိန်းများကို ကန့်ကွက်သည့်အနေဖြင့် လူထုဆုတောင်းပွဲ ပြုလုပ်မည်
 EPN
ချီဖွေ၊ မတ် ၁၁
မေခနှင့် ငေါ့ချန်းခမြစ်အတွင်းတည်ဆောက်မည့် ရေကာတာစီမံကိန်းများကို ကန့်ကွက်သည့်အနေဖြင့် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် မတ်လ ၁၄ ရက်နေ့တွင်ကျရောက်သော မြစ်ချောင်းအင်းအိုင်များနေ့ အထိမ်းအမှတ် လူထုဆုတောင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်း ဆုတောင်းပွဲဦးဆောင်သူများထံမ သိရသည်။
၎င်းလူထုဆုတောင်းပွဲကိုချီဖွေမြို့နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(လောင်ဗစ်ခေါင်)ဦးဆောင်၍ ဒေသခံ ၅၀၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မ ဒေါ်ဇုံးလုံကပြောကြားသည်။
အဓိကတော့မေခနဲ့ ငေါ့ချန်းခမှာတည်ဆောက်မယ့် ရေကာတာကို ကန့်ကွက်တဲ့နေနဲ့လုပ်တာပါ။ ဆော့လော် နဲ့ချီဖွေမြို့နယ်ဘက်က လူအင်အား ငါးရာလောက်ခန့်မှန်းထားတယ်ဟု ၎င်းက  ပြောသည်။
အဆိုပါ ဆုတောင်းပွဲပြုလုပ်ရန်အတွက် ချီဖွေမြို့နယ်ရဲတပ်ဖွဲ့သို့ ငြိမ်း၊ စု၊ စီခွင့်ပြုမိန့်တင်ရန် အကြောင်းကြားလာသည့်အတွက် ယင်းခွင့်ပြုမိန့်တင်ဖို့ ပြင်ဆင်နေကြောင်း ၎င်းက ဆက်ပြောသည်။
အခုက စီတန်းလှည့်လည်ပြီး ဆန္ဒပြမှာလည်းမဟုတ်ဘဲနဲ့ စာတင်ခိုင်းနေတယ်။ ဒါက နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များနေ့မှာ တရားဝင်အထိမ်းအမှတ်လုပ်တာပဲ။ပြီးတော့ ဆုတောင်းပွဲပဲလုပ်တာဖြစ်တယ်။ ဒါကိုတောင် စာတင်ခိုင်းနေတယ်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကောင်းကောင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။