Trending Now

မြစ်ကြီးနားမြိုတွင် အရှိန်မထိန်နိုင်ဘဲ သုံးဘီးနှင့် အိမ်စီးကား မျက်နာချင်းဆိုင် တိုက်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြိုတွင် အရှိန်မထိန်နိုင်ဘဲ သုံးဘီးနှင့် အိမ်စီးကား မျက်နာချင်းဆိုင် တိုက်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အောင်နန်းရပ်ကွက်အတွင်း ယနေ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ နေ့လည် (၁)နာရီခန့်က သုံးဘီးဆိုင်ကယ်နှင့် အိမ်စီးကားတို့ မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူများထံမှ သိရသည်။

အောင်နန်းရပ်ကွက် ပတ္တမြားကုန်ဆုံဆိုင်ရှေ့ လမ်းလေးဆုံနေရာတွင် တစ်ဖက်မှလာသည့် ကြက်လှောင်အိမ်ခြင်းများတင်ဆောင်လာသည့် သုံးဘီးဆိုင်ကယ်နှင့် တစ်ဖက်မှလာသည့် အိမ်စီးကားသို့ တိုက်မိရာမှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

” လမ်းလေးဆုံမှာ တစ်ဖက်က သုံးဘီးလဲ အရှိန်များတယ်။ ကားကလဲ အရှိန်များတယ်။ လမ်းအကွေ့ မျက်နှာခြင်းဆိုင်တိုက်တာ။ ကားကော သုံးဘီးကော လမ်းအောက်ဘက်ကျသွာပြီး လမ်းဘေးအိမ်က ခြံဝန်းကို တိုက်မိသွားတယ်။ ထခိုက်ခိုက်မှုတော့ရှိတယ်။ စိုးရိမ်ရတဲ့အခြေအနေထိတော့ မဖြစ်ခဲ့ဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သုံးဘီးဆိုင်ကယ်မောင်သူနှင့် ကားမောင်းသူ နှစ်ဦးကို မြစ်ကြီးနားမြို့ မျိုးဆက်သစ် လူမှုကူညီရေးအဖွဲ့မှ မြစ်ကြီးနားမြို့ ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့တွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ကလည်း အောင်နန်းရပ်ကွက် ပြေကြီးကားဝပ်ရှော့အနီး ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။