Trending Now

မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ လက်နက်ဖျက်သိမ်းရေး ကမ်းလှမ်းချက်ကို ရှုတ်ချ

Spread the love

မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ လက်နက်ဖျက်သိမ်းရေး ကမ်းလှမ်းချက်ကို ရှုတ်ချ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၀

မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ လက်နက်ဖျက်သိမ်းရေး ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ရှုတ်ချလိုက်ပါတယ်။

မြောက်ကိုရီးယားကို နျူကလီးယားကင်းစင်ရေးနဲ့ လဲလှယ်တဲ့အနေနဲ့ တောင်ကိုရီးယားက စီးပွားရေးအကူအညီပေးဖို့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တာပါ။

တောင်ကိုရီးယားသမ္မတ ယွန်းက မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းပြီး နျူကလီးယားကင်စင်ရေး စတင်ပါက စီးပွားရေး အကူအညီပေမယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားဟာ စစ်ရေးလေ့ကျင့်မှုတွေကိုကြွေးကြော်နေချိန်မှာ မြောက်ကိုရီးယားကို လက်နက်ဖျက်သိမ်းဖို့တောင်းဆိုခဲ့တဲ့အပေါ် ” သူရဲ့အစီအစဉ်က အလုပ်မဖြစ်တာကြောင့် အနာဂတ်မှာ ဘယ်လိုကြီးမားတဲ့ အစီအစဉ်တွေနဲ့ လာရောက်မြူဆွယ်နေပါစေ သူနဲ့ တွေ့ဆုံစကားပြောစရာအကြောင်းမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောထားပါတယ်။” လို့ ကင်ယိုဂျုံးက ပြောပါတယ်။

တောင်ကိုရီးယားဟာ ပြုံယမ်းဆန့်ကျင်ရေး ဝါဒဖြန့်ချိရေး လက်ကမ်းစာစောင်တွေနဲ့ အခြားအရာဝတ္ထုတွေကို နယ်စပ်ဖြတ်ကျော်ပြီး မီးပုံပျံတွေနဲ့ လွတ်တင်ခဲ့တာကြောင့် မြောက်ကိုရီးယားမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တာလို့လဲ ကင်ယိုဂျုံးက အခိုင်အမာပြောဆိုထားပါတယ်။

မြောက်ကိုရီးယားဟာ သတ္တမမြောက် နျူကလီးယားစမ်းသပ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လိုပ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက စွပ်စွဲပြောဆိုထားပြီး မြောက်ကိုရီးယားကလည်း နိုင်ငံအတွင်းမှာ ကိုဗစ်ဖြစ်ပွားစေခဲ့တဲ့ တောင်ကိုရီးယားအဏာပိုင်တွေကို ဖယ်ရှားပစ်မယ်လို့ ကြုံးဝါးထားပါတယ်။

Source – DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။