Trending Now

အိန္ဒိယက ဆန်တင်ပို့မှုအပေါ် ထိန်းချုပ်ကန့်သတ်လိုက်တာကြောင့် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဈေးနှုန်းမြင့်တက်လာနိုင်

Spread the love

အိန္ဒိယက ဆန်တင်ပို့မှုအပေါ် ထိန်းချုပ်ကန့်သတ်လိုက်တာကြောင့် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဈေးနှုန်းမြင့်တက်လာနိုင်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

ပြည်ပဆန်တင်ပို့မှုအပေါ် ကန့်သတ်ထိမ်းချုပ်လိုက်တဲ့ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းများကို မြင့်တက်လာစေနိုင်ပြီး ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒေသတွင်း ကုန်ဈေးနှုန်းကို ထိမ်းချုပ်နိုင်ဖို့အတွက် ပြည်ပဆန်ကွဲတင်ပို့မှု မနေ့က တားမြစ်ပိတ်ပင်လိုက်ပြီး ပြည်ပတင်ပို့မယ့် ဆန်အမျိုးအစား အမျိုးမျိုးအတွက် အခွန် ၂၀% တိုးမြင့်ကောက်ခံဖို့ ကြေညာခဲ့ပါတယ်။

အိန္ဒိယအစိုးရရဲ့ တိုးမြင့်ကောက်ခံလိုက်တဲ့အခွန်အခတွေကြောင့် ဆန်တင်သွင်းသူတွေဟာ လက်တွန့်သွားပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ် တို့ကို ဘက်ကို ဦးလည့်လာနိုင်တယ်လို့ ဆိုပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခ၊ မိုးခေါင်မှု နဲ့ အပူလှိုင်းတွေကြောင့် အစေ့အဆန်မျိုးတွေဖြစ်တဲ့ ဆန်၊ ဂျုံ နဲ့ သံလွင်ဆီထုတ်လုပ်မှုတွေဟာ ကမ္ဘာတဝှမ်းလျော့ကျခဲ့တဲအတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်ဟာ အကြီးအကျယ် ထိခိုက်နေပါတယ်။

အဓိက ဆန်တင်ပို့တဲ့ နိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ် နဲ့ မြန်မာတို့က ဆန်ဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်လာမယ်လို့ ကုန်သည်တွေက အကဲဖြတ်ပြောဆိုထားပြီး ကမ္ဘာ့ ထိပ်တန်း ဆန်တင်သွင်းသူတွေ ဖြစ်တဲ့ တရုတ် နဲ့ ဖိလစ်ပိုင်တို့ဟာ ဆန်ဈေးမြင့်တက်မှုဒဏ်ကို ချက်ချင်းထိခိုက်ခံစားရဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ကို ဆန်ပြောင်းသီးနှံ အများဆုံးတင်ပို့ နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့မှုရဲ့ ၄၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အိန္ဒိယအစိုးရဟာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်ရဲ့ ဂျုံတင်ပို့မှုကိုလည်း မေလအတွင်းက တားမြစ်ထားပြီးဖြစ်ပါတယ်။

— ကိုးကား —
Xinhua
ref; India bans export of broken rice

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။