Trending Now

မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ရောင်းဝယ်သုံးစွဲနေသူနှစ်ဦး ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ရောင်းဝယ်သုံးစွဲနေသူနှစ်ဦး ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ (၁၁) ရက်နေ့ နေ့လည်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးပြားများ ရောင်းဝယ်သုံးစွဲနေသူ အမျိုးသမီးတစ်ဦးနှင့် အမျိုသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်၊ နယ်မြေရဲစခန်းမှ သိရသည်။

နန်ကျင်ကျေးရွာ၊ နယ်မြေ (၁) အတွင်းရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေမှု သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ ဒေါ်အင်ဂေါ့ဒွမ်း၏ နေအိမ်တွင် ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ တံဆိပ်မပါ နီ၊ညိုရောင်ဆေးပြား (၁၀၀) ပြား၊ ဘိန်းဆီခဲ (၇) ဂရမ်ခန့် စုစုပေါင်း ကာလတန်ဖိုးကျပ် ၃ သိန်းကျော်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဒေါ်အင်ဂေါ့ဒွမ်း၏ နေအိမ်သို့ရောက်ရှိနေသော ဦးမုံခိုင်၏ ဘေးလွယ်အိတ်အတွင်းမှ ဘိန်းဖြူမှုန့် ဖြူ၊ ဝါရောင် အလေးချိန် (၃.၅) ဂရမ်ခန့်ပါ (၂) ဘူး၊ တံဆိပ်မပါ နီ၊ ညိုရောင်ဆေးပြား (၁၆၀) ပြား၊ တံဆိပ်မပါ ပန်းရောင်ဆေးပြား (၅၀) ပြား၊ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၇ သိန်း ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

” မနေ့ကဆိုရင် နန်ကျင်ဘက်မှာ ရောင်းချသုံးစွဲနေသူ (၂) ဦးဖမ်းဆီးမိနိုင်ခဲ့တယ်။ ဒီလိုဖမ်းဆီးနိုင်တာကလဲ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေကြောင့် ဖြစ်တယ်။ ဒါကြောင့် မှုခင်းကျဆင်းဖို့၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းဆီးမိနိုင်ဖို့ ပြည်သူတွေအနေနဲ့ ပါဝင်ပူးပေါင်းဖို့ လိုအပ်ပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖမ်းဆီးရမိသူ အသက် (၇၆) နှစ်အရွယ် ဒေါ်အင်ဂေါ့ဒွမ်းဆိုသူနှင့် အသက် (၅၀) နှစ်အရွယ် ဦးမုံခိုင်ဆိုသူကို မြစ်ကြီးနားမြို့နယ်၊ ပလန နယ်မြေရဲစခန်းတွင် (ပ) ၁၅/၂၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သည့် ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၉ (က) ဖြင့် အသီးသီးအမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။