Trending Now

နှစ်သောင်းတန် ငွေစက္ကူထုတ်ခြင်းကြောင့် ငွေကြေး ဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ဟု န.စ.က ဥက္ကဌ ပြောကြား

Spread the love

နှစ်သောင်းတန် ငွေစက္ကူထုတ်ခြင်းကြောင့် ငွေကြေး ဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ဟု န.စ.က ဥက္ကဌ ပြောကြား

EPN
နိုင်ငံကတာ၊ ဇူလိုင် ၂၇

အသစ်ထုတ်ပြန်လိုက်သည် နှစ်သောင်းတန် ငွေစက္ကူသည် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခြင်းဖြစ်ကြောင်း နှင့် ငွေစက္ကူထုတ်ခြင်းကြောင့် ငွေကြေး ဖောင်းပွမှု လုံးဝ ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ကောလဟာလများသည် စီးပွားရေးအရ ကမောက်ကမဖြစ်စေရန်အတွက် နိုင်ငံရေးအရ တိုက်ခိုက်မှုသာဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်သည့် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃) တွင် ဗိုလ်ချုပ်မှူးကြီးမင်းအာင်လှိုင်က ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ်ချက်မရှိသကဲ့သို့ နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ မျှတစွာဖြင့်ရှိနေကြောင်း နှင့် အဆိုပါနှစ်သောင်းတန် ထုတ်လုပ်ခြင်းသည် အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအခါ နိုင်ငံအတွင်းငွေကြေး လည်ပတ်မှုအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဘဏ်များ၌ ငွေကြေးအပ်နှံမှုများများစွာရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။