Trending Now

အလုပ်ရှင်ရဲ့ ယောက္ခမကို သတ်ဖြတ်မှုနဲ့ မြန်မာအိမ်အကူအမျိုးသမီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

Spread the love

အလုပ်ရှင်ရဲ့ ယောက္ခမကို သတ်ဖြတ်မှုနဲ့ မြန်မာအိမ်အကူအမျိုးသမီး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၁

စင်ကာပူနိုင်ငံမှာ အလုပ်ရှင်ရဲ့ အသက် ၇၀ နှစ်အရွယ် အိန္ဒိယယောက္ခမ မာရာတိုရှာရှီကို သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံက အသက် ၂၂ နှစ်အရွယ် အိမ်အကူအမျိုးသမီး ဇင်မာနွယ်ကို ဇူလိုင်လ ၄ ရက်နေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။

အမှုဟာ ငါးနှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် မေလအတွင်းမှာ တရားသူကြီး အဲန်ဒရယ် က ၁၁ ရက်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှာတော့ ဇင်မာနွယ်ကို လူသတ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဇင်မာနွယ်ဟာ အသက် ၁၇ နှစ်အရွယ်မှာ စင်ကာပူနိုင်ငံကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က ရောက်ရှိခဲ့ပြီး အိမ်အကူလုပ်ကိုင်ရာမှာ အရည်အရချင်းပြည့်မီဖို့အတွက် နိုင်ငံကူးလက်မှတ်ထဲမှာ အသက် ၂၃ နှစ်အဖြစ် လိမ်လည်ဖော်ပြခဲ့ပါတယ်။

သူမဟာ မစ္စတာအက်စ် လို့ နာမည်လွဲပေးထားတဲ့ နောက်ဆုံးအလုပ်ရှင်ထံကို မဝင်ရောက်မီ အခြားမိသားစုနှစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး တစ်စုံတစ်ရာ ပြဿနာမဖြစ်ခဲ့ဘဲ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် နောက်ဆုံးအလုပ်ရှင် မစ္စတာအက်စ် ဆိုတဲ့ အမျိုးသားက သူမကို ငှားရမ်းခဲ့ပါတယ်။ ဇင်မာနွယ်က နေ့စဉ် နံနက် ၅ နာရီ ၃၀ မိနစ်မှာ အိပ်ယာထလေ့ရှိပြီး ည၁၁ နာရီအချိန်မှာ အိပ်ယာဝင်ကာ မြန်မာနိုင်ငံက ဆွေမျိုးတွေနဲ့ မကြာခဏဖုန်းခေါ်ဆိုလေ့ရှိတယ်လို့ သိရပါတယ်။

သူမရဲ့ လစဉ်လစာ စင်္ကာပူဒေါ်လာ ၄၅၀ ရဲ့ တစ်စိတ်တစ်ပိုင်းကို ပြည်တွင်းအကူအညီပေးရေးအေဂျင်စီမှာ သူမနိုင်ငံရပ်ခြားထွက်ခဲ့စဉ်က ယူထားတဲ့ ချေးငွေပြန်ဆပ်ဖို့ ရည်စူးထားတယ်လို့ သိပါတယ်။

လေးလအကြာအထိ အလုပ်ရှင် ဇနီးမောင်နှံနဲ့ သမီးနှစ်ဦးအတွက် အဆင်ပြေချောမွေ့စွာလုပ်ကိုင်ပေးခဲ့ပေမယ့် မစ္စတာအက်စ်ရဲ့ ယောက္ခမဖြစ်သူဟာ မိသားစုနဲ့အတူ တစ်လကြာနေထိုင်ဖို့ အိန္ဒိယနိုင်ငံကနေ ရောက်ရှိလာချိန်မှာ ပြဿနာတွေ စတင်ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အလုပ်ရှင်ရဲ့ ယောက္ခမဖြစ်သူက ရိုက်နက်ဆုံးမလေ့ရှိတဲ့အတွက် ဇင်မာနွယ်ဟာ အဖွားအိုနဲ့ ပေါင်းသင်းဆံဆက်ရခက်ခဲကြောင်း စတင်တွေ့ရှိခဲ့ပြီး အခြေအနေက လျင်မြန်စွာဆိုးရွားလာခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအဖွားအိုက အစောပိုင်းမှာ လက်နဲ့ဇင်မာနွယ်ရဲ့ နောက်ကျောကို ရိုက်နက်တာတွေပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အရာဝတ္ထုတွေကိုပါ အသုံးပြုပြီး နာကျင်ထိခိုက်စေခဲ့တယ်လို့ ဇင်မာဝေက ပြောပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ နံနက်ခင်းမှာတော့ အဖွားအိုရဲ့ ခြေထောက်ပေါ် အရာဝတ္ထုတစ်ခု မတော်တဆပြုပ်ကျသွားခဲ့လို့ ဇင်မာဝေက ထိတ်လန့်သွားခဲ့ပေမယ့် အဖွားအိုက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ရုပ်မြင်သံကြားကြည့်ဖို့ ဆိုဖာပေါ်မှာ လှဲလျောင်းနေတဲ့ အိန္ဒိယအဖွားအိုက ဇင်မာနွယ်ကို နောက်တစ်နေ့မှာ အေဂျင့်တွေထံ ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒါက သူမကို ချေးငွေတွေ ပြန်မဆပ်နိုင်သေးခင် မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာဖြစ်ပါတယ်။

အဖွားအိုရဲ့ စကားကြောင့် ဇင်မာနွယ်ဟာ ဒေါသနဲ့ အကြောက်တရားတွေဖြစ်ပေါ်ခဲ့ပြီး ဆိုဖာပေါ်မှာ လှဲလျောင်းနေတဲ့ အဖွားအိုကို အနီးနားမှာရှိတဲ့ ဓားတစ်ချောင်းကိုဆွဲယူပြီး ၂၆ ချက်အထိ ပြင်းထန်စွာထိုးနက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် ထိတ်လန့်တုန်လှုပ်နေတဲ့ ဇင်မာနွယ်က အိမ်ခန်းထဲကိုဝင်ရောက်ကာ သူမရဲ့ ပစ္စည်းတွေကို ပြန်ယူခဲ့ကာ အဝတ်အစားတွေကို ပြောင်းလည်းဝတ်ဆင်ခဲ့ပြီး မိုက်ခရိုဝေ့မီးဖိုပေါ်မှာတွေ့တဲ့ ငွေသားတစ်ချို့နဲ့ EZ-link ကတ်တစ်ခုကိုယူဆောင်ပြီး တိုက်ခန်းကနေ ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

နောက်ငါးနာရီကျော်ကြာတဲ့အထိ သူမဟာ ဘစ်ကား၊ MRT နဲ့ ခြေလျင်လမ်းလျှောက်ကာ စင်္ကာပူတစ်မြို့လုံးကို လျောက်လည်ခဲ့ပြီး ဈေးဝယ်စင်တာတွေမှာ ရေသန့်ဘူးနဲ့ မုန့်အချို့ကို ဝယ်ယူစားသောက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးမှာ သူမက နိုင်ငံကူးလက်မှတ်ကို ရယူဖို့ Choa Chu Kang က သူမရဲ့ အိမ်အကူအေဂျင်စီထံကို တက္ကစီနဲ့ လာရောက်ခဲ့ပေမယ့် အဖွားအိုသေဆုံးပြီးသူမပျောက်ဆုံးနေကြောင်း ရဲကိုတွေကို အသိပေးထားတဲ့အတွက် ဖမ်းဆီးခံလိုက်ရပါတယ်။

တရားရုံးကြားနာမှုအတွင်း ဇင်မာနွယ်က အစောပိုင်းမှာ အိန္ဒိယမျိုးသမီးကို သတ်ဖြတ်ခံရမှုအတွက် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး စိတ်ကူးယာဉ် ဇတ်လမ်းထဲက အမျိုးသားနှစ်ဦးကို အပြစ်ပုံချခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ သူမက ရာဇဝတ်မှုကို ဝန်ခံခဲ့ပြီး အိမ်ပြန်ပို့ခံရမယ့် ခြိမ်းခြောက်မှုနဲ့ အကြွေးတွေက ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ကျူးလွန်မိအောင် တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ချိန်မှာ ဇင်မာနွယ်ရဲ့ စိတ်အခြေအနေဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပေမယ့် လူသတ်မှုကျူးလွန်ချိန်မှာ သူမရဲ့လုပ်ရပ်တွေကို အပြည့်အ၀ သိရှိကြောင်းနဲ့ အပြည့်အ၀ တာဝန်ရှိတယ်လို့ တရားလိုကငြင်းဆိုခဲ့ပါတယ်။

တရားခွင်အတွင်းမှာ နှစ်ဖက်စလုံးက စိတ်ရောဂါဆိုင်ရာ အစီရင်ခံစာတွေ တင်ပြခဲ့ကြပြီး ဇင်မာနွယ်ကို ခုခံကာကွယ်ပေးတဲ့ ဒေါက်တာ တိုမီက ဓားထိုးမှုဖြစ်ပွားချိန်မှာ သူမရဲ့ လုပ်ရပ်အတွက် လုံးဝသတိမပြုမိကြောင်း ပြောကြားခဲ့ပါတယ်။

အစိုးရ စိတ်ရောဂါကုဆရာဝန် အဲလီယက် ကတော့ ဒါကိုငြင်းဆိုခဲ့ပြီး အဖြစ်အပျက်အတွင်းမှာ လုပ်ကိုင်ခဲ့သမျှကို သူမက အပြည့်အဝသိရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာ တရားသူကြီး အဲန်ဒရယ် က ခုခံခြေပချက်ကို ပယ်ချခဲ့ပြီး ဇင်မာနွယ်ကို လူသတ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ကာ သူမကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တာဖြစ်ပါတယ်။

ဇင်မာနွယ်ဟာ မှုခင်းဖြစ်ပွားစဉ်က အရွယ်မရောက်သေးပေမယ့် စွဲချက်ပြင်းထန်မှုကြောင့် အရွယ်ရောက်ပြီးသူအဖြစ် စီရင်ချက်ချခံခဲ့ရပါတယ်။

စင်္ကာပူဥပဒေအရ ရာဇဝတ်မှုကျူးလွန်ချိန်မှာ အသက် ၁၈ နှစ်အောက် ကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ် တားမြစ်ထားတာကြောင့် သေဒဏ်ကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

တရာခံဖြစ်တဲ့ မဇင်မာနွယ်က လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သလို ကြိမ်ဖန်များစွာ ဆဲဆိုကြိမ်းမောင်းခဲ့တဲ့ သက်ကြီးရွယ်အို အန္ဒိယအမျိုးသမီးရဲ့ အနိုင်ကျင့်စော်ကားခဲ့ကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်။

ဇင်မာနွယ်ရဲ့ ဖြစ်စဉ်ဟာ ‘နိုင်ငံခြားအိမ်အကူ’ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအားလုံးကို မီးမောင်းထိုးပြခဲ့ပြီး ထိခိုက်လွယ်တဲ့ အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပံ့ပိုးမှုစနစ်တွေနဲ့ အကာကွယ်တွေလိုအပ်နေကြောင်းနဲ့ စင်္ကာပူရဲ့ အသက်မပြည့်သေးတဲ့ အလုပ်သမားပြဿနာတွေကို ဖော်ပြနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေထဲမှာလည်း အိမ်အကူအများစုဟာ အလုပ်အကိုင်ရရှိဖို့အတွက် သူတို့ရဲ့ အသက်အရွယ်တွေကို လိမ်ညာပြောဆိုမှုတွေ ရှိနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း စင်ကာပူနိုင်ငံက အလုပ်သမား ၁၀,၀၀၀ မှာ အသက်မပြည့်သေးတဲ့ နိုင်ငံခြားအိမ်အကူလုပ်သား ခြောက်ဦးခန့်ကို လူအင်အားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မဇင်မာဝေရဲ့ စီရင်ချက်ချပြီးနောက်ပိုင်းမှာ အိမ်အကူအလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ပံ့ပိုးမှုစနစ်တွေနဲ့ အကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ကြီးထွားလာခဲ့တယ်လို့ သိရပါတယ်။

Ref; thequint

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။