Trending Now

သေခံအချို့ ကန့်ကွက်သည့် ဝိုင်းမော် Mini Shopping Centerနှင့် ရုပ်ရှင်ရုံတည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းမည်မဟုတ်

Spread the love

သေခံအချို့ ကန့်ကွက်သည့် ဝိုင်းမော် Mini Shopping Centerနှင့် ရုပ်ရှင်ရုံတည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းမည်မဟုတ်

EPN
မြစ်ကြီးနား၊ မေ ၁၆

ကချင်ပြည်နယ်၊ ဝိုင်မော်မြို့၊ရပ်ကွက်(၁)အတွင်း တည်ဆောက်မည့် MINI SHOPPING CENTER နှင့် ရုပ်ရှင်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို ဒေသခံအချို့က ကန့်ကွက်သော်လည်း ရပ်ဆိုင်းမည်မဟုတ်ဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

အဆိုပါရုပ်ရှင်ရုံတည်ဆောက်ခြင်း လုပ်ငန်းစတင် နိုင်ရန်အတွက် မေလ ၁၄ နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ပန္နက်ရိုက်ပေးခဲ့ပြီး ဒေသခံများက ကန့်ကွက်သော်လည်း ပြည်နယ်အစိုးရအနေဖြင့် ယင်းလုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းသွားမည် မဟုတ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီးဦးနော်လီက ဆိုသည်။

“ဒီဟာက ဝန်ကြီးချုပ်ကိုယ်တိုင်လည်းတက်ရောက်ပြီး ပန္နက်ရိုက်ခဲ့ပြီးပြီ၊နောက်ဝန်ကြီးချုပ်ကိုယ်တိုင် ကလည်းတရားဝင်ဒီဟာလုပ်ခဲ့တာက ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့၊ပြည်နယ်အစိုးရအစည်းအဝေး ဆုံးဖြတ်ချက်တွေနဲ့ ကျွန်တော်တို့က လုပ်တာဖြစ်တယ်။တစ်ဦးတစ်ယောက်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲလုပ် တာမဟုတ်ဘူး”ဟု ဝန်ကြီးဦးနော်လီကပြောသည်။

ယင်းမြေနေရာသည်အလျားပေ၁၀၀၊အနံပေ၆၀အကျယ်ရှိပြီး ရုပ်ရှင်ရုံ၊အားကစားခန်းမ နှင့်ဈေးဆိုင်ခန်းများထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီးတစ်လကျပ် ၁၀ သိန်းနှုန်းဖြင့် ဂင်လွှမ်းကုမ္ပဏီကို နှစ် ၃၀ ဖြင့် တည်ဆောက်ခွင့်ပြုထား ကြောင်းသိရသည်။

ယင်းတည်ဆောက်မည့်ရုပ်ရှင်ရုံသည်စာသင်ကျောင်းနှင့်နီးကပ်နေခြင်း၊ပုဂ္ဂလိကအတွက်ချထားပေးခြင်း၊ပြည်သူလူထုနှင့်ကြိုတင်ဆွေးနွေးတိုင်ပင်မှုမရှိခြင်းတို့ကြောင့် ဒေသခံ(၄၀)ဦးကမေလ၁၂ရက်နေ့တွင်ပြည်နယ်အစိုးရထံကန့်ကွက်စာတင်ထားခဲ့ကြောင်း ကန့်ကွက်သူတစ်ဦးဖြစ်သည့် ဦးစိုင်း(ခ) ဦးကျော်ဆွေဝင်းကဆိုသည်။

”အများအတွက်အသုံးပြုမယ့်အဆောက်အဦးဒါမှမဟုတ်ပန်းခြံဆိုရင်ကန့်ကွက်စရာမရှိပါဘူး။ ထောက်လည်းထောက်ခံပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ဦးတစ်ယောက်အတွက်ပဲဆိုရင်တော့ကျွန်တော်တို့က ဆက်ပြီးကန့်ကွက်မှာပဲ”ဟု ဦးစိုင်း(ခ)ကျော်ဝင်းဆွေပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် အများပြည်သူနားလည်အောင်ရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ထားသော်လည်း ကိုဗစ်နိုင်တင်းကြောင့်ရပ်နားထားရပြီး လာမည့် မေလ၁၈နေ့တွင် ရှင်းလင်းပေးရန်စီစဉ်ထားကြောင်း ဝန်ကြီးဦးနော်လီ ကထည့်သွင်းပြောဆိုခဲ့သည်။

“ပြည်သူကိုချပြဖို့လုပ်တဲ့အချိန်မှာ ကိုဗစ် ၁၉ ကဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့ ကပြည်သူကိုချပြမယ့် အခြေအနေကမရောက်ခဲ့ဘူး။ တာပေမယ့်ဒီဘက်ကနေ ဥပဒေဘောင်အတွင်း ကနေပြည်နယ်အစိုးရရဲ့လမ်းညွန်မှုနဲ့ ဆက်လက်ပြီးတော့မှ လုပ်ဆောင်သွားမှာဖြစ်တယ်။”ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းမြေနေရာသည် ၁၉၅၂ ခုနှစ်တွင် အလယ်တန်းကျောင်း မြေနေရာအဖြစ်လျှူဒါန်းခဲ့ပြီး၁၉၈၉ ခုနှစ်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ကျောင်းပိုင်မြေ ၂ ဧကခန့်ကို ပန်းခြံပြုလုပ်ဖို့ သိမ်းယူသွားခဲ့ပြီးနောက် စည်ပင်မြေအဖြစ် ပြန်အပ်ထားခဲ့ကြောင်း သိရသည်။

လွမ်းအောင်
Photo Credit


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။