Trending Now

ဂျပန်စစ်အတွင်း လိင်ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခံခဲ့ရတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေကို လျော်ကြေးပေးဖို့ တိုက်တွန်း

Spread the love

ဂျပန်စစ်အတွင်း လိင်ကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခံခဲ့ရတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေကို လျော်ကြေးပေးဖို့ တိုက်တွန်း

EPN
နိုင်ငံတကာ၊ မတ် ၁၁

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေစစ်တပ်ရဲ့ လိင်ကျွန်အဖြစ် အတင်းအဓမ္မခိုင်းစေခံရတဲ့ ဖိလစ်ပိုင် အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ ရှေ့နေတွေက သူတို့ကို လျော်ကြေးငွေးပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်အပါအဝင် အာရှတိုက်ရှိ အခြားဒေသတွေက အမျိုးသမီးပေါင်း ၂ သိန်းကျော်ဟာ ဂျပန်စစ်တပ်ရဲ့ အတင်းအဓမ္မ လိင်ကျွန်တွေအဖြစ် စေခိုင်းခံခဲ့ရတယ်လို့ သမိုင်းပညာရှင်တွေက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသမီးတွေကို အစိုးရက လျော်ကြေးပေးဆောင်ဖို့ ပျက်ကွက်မှု့ကို ကုလရဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကော်မတီက ဗုဒ္ဓဟူးနေ့မှာ တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီး ၂၄ ဦးဟာ ၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂကော်မတီကို တိုင်ကြားခဲ့ပေမယ့် ဂျပန်နိုငံဘက်က ဖိလစ်ပိုင်းအစိုးရရဲ့ တောင်းဆိုချက်မပါတဲ့အတွက် အခြေအမြစ်မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒီအမျိုးသမီးတွေကို ထောက်ခံဖို့ပျက်ကွက်နေတဲ့ ဖိလစ်ပိုင်ဟာ အမျိုးသမီးတွေအေပေါ်ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ကုလရဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးတွေဟာ စစ်မှုထမ်းဟောင်း အမျိုးသားတွေလို တူညီတဲ့ အကျိုးခံစားခွင့်မရရှိခဲ့တာကြောင့် “လျော်ကြေးငွေ အပြည့်အဝ” နဲ့ “တရားဝင်တောင်းပန်မှု” ပြုလုပ်ပေးဖို့ ဖိလစ်ပိုင် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ တိုင်ကြားသူ ၂၄ ဦးအနက် ၂၀ ဦးသာ အသက်ရှင်ကျန်တော့တယ်လို့ အမျိုးသမီး အခွင့်အရေးအဖွဲ့ကို ဦးဆောင်တဲ့ မစ္စဗာဂျီးနီးယား ဆွာရက်ဇ်က ပြောပါတယ်။

ဂျပန်က ဖိလစ်ပိုင်ကို သိမ်းပိုက်ခဲ့တဲ့ ၁၉၄၂-၄၅ ခုနှစ်အတွင်း လိင်ကျွန်အဖြစ် အတင်းအဓမ္မစေခိုင်းခံရတဲ့ ဖိလစ်ပိုင်းအမျိုးသမီးအရေအတွက်ဟာ ရာနဲ့ချီရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။