Trending Now

ရဟန်းခံရှင်ပြုအလှူကို ဗီဒီယိုရိုက်နေသည့် ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးအား PDF များမှ သေနတ်ဖြင့် ပစ်သတ်သွား

Spread the love

ရဟန်းခံရှင်ပြုအလှူကို ဗီဒီယိုရိုက်နေသည့် ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးအား PDF များမှ သေနတ်ဖြင့် ပစ်သတ်သွား

EPN
ခရမ်း၊ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကံဘဲ့ကျေးရွာ၊ ကံဘဲ့ဘုန်းကြီးကျောင်းတွင် ရဟန်းခံရှင်ပြုအလှူကို ဗီဒီယိုရိုက်နေသည့် ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးအား PDF များမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ခရမ်းမြို့နယ် ကံဘဲ့ကျေးရွာရှိ ကံဘဲ့ဘုန်းကြီးကျောင်း၌ ယနေ့ မတ်လ (၃၀)ရက်တွင် ရဟန်းခံရှင်ပြု အလှူကျင်းပနေစဉ် နံနက် (၁၁)နာရီခန့်က PDF အဖွဲ့ဝင် (၄)ဦးမှ ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်များ ပစ်ဖောက်ခဲ့သဖြင့် အလှူလာရောက်သူများ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းနောက် PDF အဖွဲ့ဝင်များမှ ဘုန်းကြီးကျောင်းရှေ့၌ ဗီဒီယိုရိုက်ကူးနေသည့် ခရမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမျိုးဇော်ဦးကို သေနတ်ဖြင့် (၁၀)ချက်ခန့် ပစ်ခတ်ခဲ့ကာ ထွက်ပြေးသွားသည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမျိုးဇော်ဦးတွင် ရင်ဘက်ကျည်ဖောက်ဝင်ရာ ၃ ချက်၊ ယာပေါက်ကျည် ၁ ချက်၊ ပခုံးကျည်ဖောက်ဝင်ရာ ၂ ချက်နှင့် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။