Trending Now

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအပေါ် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

Spread the love

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအပေါ် တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြော

EPN
နိုင်ငံတကာ၊ ဇူလိုင် ၈

မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ အရေးယူဖို့နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ပြန်လည်တွန်းလှန်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတွေ စည်းလုံးဖို့ မျှော်လင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲဟာ ဂျကာတာမှာ ဆွေးနွေးခဲ့တဲ့ အဓိက ပြဿနာတွေထဲက တစ်ခုဖြစ်တယ်လို့ အရှေ့အာရှဆိုင်ရာ ထိပ်တန်းနိုင်ငံခြားရေးဌာန အရာရှိ ဒန်နီရယ် ခရတန်ဘရစ်ခ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အာဆီယံက မြန်မာနိုင်ငံက လက်ရှိ န.စ.က ရဲ့ ဗိုလ်ချုပ်တွေကို အဆင့်မြင့်အစည်းအဝေးတွေမှာ ပိတ်ပင်တားမြစ်ထားပေမယ့် ထိုင်းနိုင်ငံက ပြန်လည်ပူးပေါင်းဖို့ အဆိုပြုထားပါတယ်။

“အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ မြန်မာကိုယ်စားပြုမှုကို ဆက်လက်နှိမ့်ချသွားဖို့နဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့အတွက် အာဆီယံအနေနဲ့ ဖိအားပေးမှု တိုးမြင့်လာစေမယ့် နည်းလမ်းတွေကို ရှာဖွေဖို့ မျှော်လင့်ပါတယ်။” ခရတန်ဘရစ်ခ်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်က တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် အာဆီယံ အဖွဲ့ဝင်တွေနဲ့ လက်တွဲလုပ်ဆောင်ကာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ပြန်လည်တွန်းလှန်ဖို့အတွက် တွန်းအားပေးသွားမယ်လို့ ခရတန်ဘရစ်ခ်က ပြောပါတယ်။

ref; FN


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။