Trending Now

ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်၍ မိသားစုဝင် ၆ ဦးသေဆုံး

Spread the love

ကျောက်တော်မြို့နယ်တွင် အစာအဆိပ်သင့်၍ မိသားစုဝင် ၆ ဦးသေဆုံး

EPN
ကျောက်တော်၊ နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဈေးမှ ဝယ်ယူလာသော ပြောင်းဖူးကို ထမင်းနှင့် စားသုံးပြီးနောက် အစာအဆိပ်သင့်၍ မိသားစုဝင် ၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့ညပိုင်းက ကျောက်တော်မြို့နယ်၊သက်ထင်ကျေးရွာနေ ဦးသောကြာအောင် တို့၏ မိသားစုသည် ကျောက်တော် ဈေးမှ ဝယ်ယူလာသော ပြောင်းဖူးကို ထမင်းနှင့် စားသုံးပြီး နောက် မိသားစုလိုက် အော့အန်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် နိုဝင်ဘာ ၂၆ ရက်နေ့ညတွင်ချင်း ၎င်းတို့မိသားစုအား ဝဲကြီးထောင့် တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူရန် လူမှုကူညီးရေးအဖွဲ့များက ပို့ဆောင်နေစဉ် လမ်းတွင် သမီးဖြစ်လတ်ဖြစ်သူ မစိုးသန်း ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ၎င်းတို့မိသားစုအား တိုက်နယ်ဆေးရုံမှ ကျောက်တော်မြို့နယ် ဆေးရုံသို့ လွဲပြောင်း ကုသပေးခဲ့သော်လည်း ဦးသောကြာအောင်၏ ဇနီးဖြစ်သူဒေါ်ခိုင်သန်းနုနှင့် သမီးဖြစ်သူ မစန္ဒာဝင်း၊ သား မောင်ကျော် ငြိမ်းထွန်တို့ ယမန်နေ့က ဆက်တိုက် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ဦးသောကြာအောင်နှင့် ယောက္ခမဖြစ်သူတို့သည်လည်း ကျောက်တော်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ယနေ့ နံနက်ပိုင်းက ဆက်တိုက် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ ဒေါ်ခိုင်သန်းနု(၄၅) နှစ်၊ မစိုးသန်း (၂၇)နှစ်၊ အသက် (၁၃) နှစ်အရွယ်ရှိ မောင်ကျော်ငြိမ်းထွန်း၊ မစန္ဒာဝင်း၊ အသက် (၆၈) နှစ်အရွယ် ၎င်းတို့၏အဘွားဖြစ်သူနှင့် ဦးသောကြာအောင် (၅၄) နှစ်တို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောက်တော်ဆေးရုံ၌ သေဆုံးသွားသည့် မိသားစုဝင် ၅ ဦးကို ကျောက်တော်၌ သင်္ဂြိုဟ်ရန်စီစဉ်နေကြပြီး ဝဲကြီးထောင့်ဆေးရုံ၌ သေဆုံးသွားသည့် သမီးလတ်ဖြစ်သူ မစိုးသန်းကိုမူ ဝဲကြီးထောင့်ရွာ၌ သင်္ဂြိုဟ်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

လှရွှေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။