Trending Now

၁၀၂ နှစ်မြောက် အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၆၀၀၀ နီးပါးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေး

Spread the love

၁၀၂ နှစ်မြောက် အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် အကျဉ်းသား ၆၀၀၀ နီးပါးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေး

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၁၇

ယနေ့ကျရောက်သော ၁၀၂ နှစ်မြောက် အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် ၅၀၅ ကနှင့် အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်အချို့အပါအဝင် အကျဉ်းသား ၅၇၇၄ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ခဲ့ပေးကြောင်း န.စ.က မှ ထုတ်ပြန်ထားသည်။

အဆိုပါ လွတ်ငြိမ်းခွင့်ရသူများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံထားရသည့် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်းဦးသန်းဋ္ဌေးတို့လည်းပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲ ဆိုခံထားရသည့် ဘုန်းသိုက်၊ ဖွေးဖွေး၊ ဟေမာန်သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာစသည့် အနုပညာရှင် ၁၁ ဦးအား အမှုပိတ်သိမ်းပေးခဲ့ပြီး အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျနေတဲ့ အကျဉ်းသား အချို့ကိုလည်း လူမှုရေးအရ ငဲ့ညှာသည့် အ‌နေဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ နောက်တစ်ကြိမ် ပြစ်ဒဏ် ကျူးလွန်ပါက လက်ရှိပြစ်ဒဏ်ကိုပါ ထပ်မံကျခံရမည့်အချက်ဖြင့် လွတ်ငြိမ်း ခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မစ္စတာတိုရိုကူဘိုတာ၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့်အမေရိကန်နိုင်ငံသားခံယူထားသည့် ကိုကျော်ဌေးဦးတို့အား ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။